(14)UNICODE

426 37 1
                                    





စနေနေ့ပေမို့လား။
ကျောင်းပရဝုဏ်က တိတ်ဆိတ်ကာနေသည်။ကျွန်တော်တို့ ကွန်ပျူတာသိပ္ပံ  ကျောင်းသားတွေပဲ အပိုချိ်န်ရှိသဖြင့် စနေနေ့တွင် ကျောင်းသို့လာရခြင်း။ ဆောင်းရာသီ ဖြစ်နေတာတောင် ရန်ကုန်မြို့၏ အပူချိန်က နှစ်ဆယ့်ကိုးဒီဂရီ။ အဝတ်လျှော်ရမှာ ပျင်းသော ကျွန်တော်က ခဏခဏ လျှော်စရာ မလိုသော ဆွယ်တာတွေကိုပဲ ထည်လဲ ဝတ်နေရသော ဆောင်းရာသီကို မျှော်လင့်မိပေမယ့် နွေရာသီနီးနီး ပူနေလေတော့လည်း ခက်သည်။

ကျွန်တော်တို့ အဆောင်ရှိရာဘက် ချိုးချိိုးလို်က်ချင်းမှာပဲ လှမ်းမြင်လိုက်ရသော ပိုင်စေကြောင့် အားရပါးရ လှမ်းခေါ်ဖို့ ပြင်လိုက်စဉ်မှာပဲ ပိုင်စေနှင့် တူတူ တွဲမြင်လိုက်ရသည်က ရာစုသစ်။ ကျွန်တော် မျက်မှောင် ကြုတ်မိသွားသည်။

အဲ့ဒီ ရာစုသစ်ဆိုသောကောင်က  အရမ်း အသားယူတတ်တာ ဖြစ်၏။ ဆံပင်ကိုင်လိုက် ခေါင်းပွတ်လိုက်နှင့် တစ်ခါတစ်လေ ပိုင်စေ့ကို သူ့ ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ချင်ဖက်ထားတတ်သေး၏။ ဒီရက်ပိုင်း ခံစားမိတာ တစ်ခုက ရာစုသစ်က ကျွန်တော့ရှေ့မှာဆို ပိုပိုကဲပြီး ပိုင်စေကို ဆွဲလား ရမ်းလား လုပ်တာပင် ဖြစ်သည်။ လူရမ်းကား ..။ ဒီကောင် ကျွန်တော်နှင့် ပိုင်စေ့အကြောင်းကို ရိပ်မိသွားတာတော့ မဟုတ်ကောင်းတန်ရာ။

ကျွန်တော် မကျေမလည် ခေါင်းကိုသာ တွင်တွင် ခါရမ်းရင်း ပိုင်စေတို့ သွားရာနောက်ကို အမြန်လိုက်ကာ အတန်းထဲ ဝင်သွားလိုက်သည်။ ဒီနေ့တော့ ဒုတိယတန်းမှာ။ ရှေ့ဆုံးခုံမှာ ထိုင်နေတာက ပိုင်စေ့ သူငယ်ချင်း ယွန်းသံသာနှင့် ကျွန်တော်နှင့် မျက်မှန်းတန်းမိနေသည့် စာကြမ်းပိုးမလေး ဆုရတနာ။

ကျွန်တော်လည်း ပိုင်စေရှိရာ ဘက်ကို ပတ်သွားပြီး ပိုင်စေ့ ဘေး ဝင်ထိုင်လိုက်သည်။ ပိုင်စေက ကျွန်တော် ရှိရာဘက် လှည့်ပြီး ပြုံးပြတော့ အသက်ရှူရပ်မတတ် ဖြစ်သွားရသူက ကျွန်တော်။ ဖြူဖွေးဆွတ်နေသည့် ဆွယ်တာပါးပါးကို ဝတ်ထားသည့် ပို်င်စေက ဒီနေ့မှ ပိုပြီး ချစ်ဖို့ကောင်းနေသယောင်ယောင်။ တစ်နေကုန် ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့် ၊ နဖူးက ခြေဖျားထိအောင် ချစ်တယ် အသည်းလေးအား စွဲညှို့သူရယ် ဆိုသော ဖိုးကာ၏ သီချင်းကို ပထမဆုံး အကြိမ် နားထောင်ခဲ့ရဖူးတုန်းက တေးရေးဆရာ မင်းချစ်သူအား ဒီလူ ပိုကို ပိုတယ်ဟု ကျွန်တော် တွေးခဲ့ဖူး၏။

သံလိုက္Where stories live. Discover now