" ငါ မင်းကို စီးကရက် သောက်တတ်မယ် ထင်မထားခဲ့ဘူး "

သူ့စိတ်အား ဖတ်ရသည်ကို ကျွန်တော် သဘောကျ၏။ သူက ကျွန်တော်နှင့် ကွဲပြားခြားနာစွာပင် ဟန်မဆောင်တတ်သည့် လူမျိုး။

" အင်း .. အခု သိသွားပြီမို့လား"

" ကြိုက်လား "

တုံးတိတိ သူမေးသည်။ ဟင့်အင်း .. ကျွန်တော်ကိုယ်တိုင်လည်း မသိ။ တစ်ခါတစ်လေတော့လည်း လေထဲ လွင့်သွားသည့် မီးခိုးငွေ့တွေကို အကြောင်းမဲ့ ငေးကြည့်နေရသည်ကို ကျွန်တော် သဘောကျ၏။

" ဆေးလိပ်ကြိုက်မှ ဆေးလိပ်သောက်ရမှာလား "

" မဆိုလိုပါဘူး ..။ သိချင်ရုံပဲ .. ။ ကျန်းမာရေးအတွက် မကောင်းဘူးမို့လား။ အမြဲတမ်းကြီး စွဲသောက်နေမယ်ဆိုရင်တော့ ငါ ဒီတိုင်း ထိုင်ကြည့်မနေနိုင်ဘူး "

ကျွန်တော် သဘောတကျ ပြုံးမိပြန်သည်။ ပွင့်လင်းလွန်း၏။

" အင်းပါ။ ဟုတ်ပါပြီ ။ မင်းရော သောက်ကြည့်ကြည့်ပါ့လား .. မသောက်ဖူးရင် "

" သောက်ဖူးပါတယ်။ ငါ မကြိုက်ဘူး .. ခါးတယ်"

" မင်း မသောက်တတ်လို့ပါ။ ငါက သောက်တတ်အောင် သင်ပေးမယ် "

" သောက်တတ်ပါတယ်ဆို "

အပြင်ပန်းကြည့်လျှင် ရိုးစင်းသည််ထင်ရသော ကျွန်တော်နှင့် ရဲတင်းသည် ထင်ရသော သူက တကယ်တော့ ပြောင်းပြန်။ တကယ်တော့ သူ ပြောခဲ့ဖူးသည့် YOLOအား လက်ခံကျင့်သုံးသူက သူ ကိုယ်တိုင် မဟုတ်ဘဲ ကျွန်တော် ဖြစ်နေခဲ့သည် ထင်သည်။ ကျွန်တော် သူ့ကို ကျွန်တော် အမှန်တကယ် ရှင်သန်နေထိုင်သည့် ကျွန်တော့် ကမ႓ာထဲကို ခေါ်သွားချင်သည်။

ကျွန်တော့် အားနည်းချက်တွေ ၊ ကျွန်တော့် မလုံခြုံမှုတွေ၊ ကျွန်တော့်အမှားတွေ၊ ကျွန်တော့် အပြစ်တွေ၊ ကျွန်တော့် မပြည့်စုံမှုတွေကို ဖွင့်ဟပြချင်မိသည်။ မှောင်မိုက်နေသော ကျွန်တော့်ဘဝထဲကို သူ့အား ဆွဲသွင်းချင်မိသည်က ကျွန်တော် လောဘကြီးလွန်းနေခဲ့ခြင်းတော့ မဟုတ်ခဲ့ဘူးမို့လားလေ။ အမှောင်ထဲမှာ မျက်စိမှိတ် လမ်းလျှောက်နေရသည်ဆိုရင်တောင် အနည်းဆုံးတော့ ကိုင်ဆုပ်စရာ လက်လေးတစ်ဖက် ရှိနေခဲ့ခြင်းက ကျွန်တော့်အတွက် တန်ဖိုးဖြတ် မရနိုင်သော အနှိုင်းမဲ့ ဆုလာဘ်တစ်ခု ဖြစ်နေခဲ့ခြင်းမို့ ။

သံလိုက္Where stories live. Discover now