အပိုင်း - ၂၁

Start from the beginning
                                    

“မဟုတ်ရင်ရော?” ချင်မင်းမင်းကတော့ ဂရုကိုစိုက်မနေဘူး။ “မင်းက ဆရာ့ဆီကနေ အပြင်ထွက်ဖို့ ခွင့်တောင်းချင်နေသေးလို့လား? သူ ခွင့်ပြုမှာမဟုတ်ဘူး”

လင်ရှန်း “…”

တကယ့်ကမ္ဘာမှာ သူက ကျောင်းသားကောင်းတစ်ယောက် သားလိမ္မာတစ်ယောက်အဖြစ် နှစ်ပေါင်းနှစ်ဆယ်လောက် နေထိုင်ခဲ့တာဖြစ်တယ်။ fresherနှစ်တည်းက ကျောင်းနောက်ကျတယ်ဆိုတာ မရှိသလို ကျောင်းကနေလည်း အစောကြီးပြန်လာလေ့မရှိဘူး။ မနက်ပိုင်းမှာတောင် အပြေးအလွှားနဲ့ ကိုယ့်ဘာသာစာလေ့လာဖြစ်သေးတယ်။ ရံဖန်ရံခါ မလိမ္မာပေးနိုင်ဘဲ မနက်ပိုင်းစာဖတ်တာကို မလုပ်ပဲတော့ နေတတ်တယ်။

ဒါပေမယ့် အကြောင်းပြချက်က မော့ကျူးချန်အတွက်ဆိုပြီး တွေးမိလိုက်တာနဲ့တင် ပြောမပြနိုင်အောင် နာကျင်ရတယ်။ မော့ကျူးချန်အတွက်နဲ့ သူဆိုတဲ့ လင်ရှန်းက အတန်းလစ်ရတယ်ဆိုတာကြီးကို သူတကယ်နားမလည်နိုင်ဘူး!

“သွားရအောင်လေ ရှန်းကော” ချင်မင်းမင်းက သူ့အကျီစကို လာဆွဲတယ်။ “မင်း ထပ်ပြီးအချိန်ကြာနေမယ်ဆိုရင် မော့သခင်လေးပြီးသွားလိမ့်မယ်”

ချင်မင်းမင်းမျက်လုံးတွေက တလက်လက်တောက်ပနေပြီး စိတ်လှုပ်ရှားနေသလို မျက်နှာနဲ့ “မော့သခင်လေး basketballဆော့တာကို မတွေ့ရတာ ကြာလှပြီ၊ ပြီးခဲ့တဲ့စာသင်နှစ်တုန်းက နောက်ဆုံးပဲ… ဒီလောက်မဟားတရားကြည့်ကောင်းတဲ့သူ ရှိသေးရဲ့လား? မင်း စစတွေ့လိုက်ရုံနဲ့တင် ပိုကြိုက်သွားမယ်ဆိုတာ အာမခံတယ်!”

လင်ရှန်း “…”

ဒါကို ငြင်းပစ်လိုက်တာ ပိုကောင်းမလား? သူ(ဝတ္ထုထဲကလင်ရှန်း)က မော့ကျူးချန်ကို လုံးဝမကြိုက်ဘူးမှတ်လား?

ရှင်းဆန်းကျောင်းရဲ့ မိုးလုံလေလုံbasketballကွင်းထဲမှာ လူတွေပြည့်ကျပ်သိပ်နေတယ်။ ပွဲကြည့်စင်မှာ လူတွေပြည့်နေတာကို မပြောနဲ့အုံး လျှောက်လမ်းတွေမှာတောင် ပြွတ်သိပ်နေလို့ ရပ်စရာနေရာတောင်မရှိဘူး။ အားကစားရုံရဲ့ အပေါက်ဝမှာတောင် လူတွေပြည့်နေပြီး သူတို့သာ မိနစ်ပိုင်းလောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် တိုးဝင်လို့တောင် မရတော့မှာ စိုးရိမ်ရတယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now