ရှီးနဉ်က သူများမြှောက်ပေးတိုင်း လိုက်လုပ်တဲ့ အရူးသာသာပဲဖြစ်တယ်။ ဗီလိန်လို့ကိုပြောမရဘူး ယွီချူယောင်ကသာ သူမရဲ့ဉာဏ်နီဉာဏ်နက်တွေကိုသုံးပြီး တခြားသူတွေကို အသုံးချပြီး ဒုက္ခပေးတဲ့ တကယ့် big bossတစ်ယောက်ပဲဖြစ်သည်။

ယွီချူယောင်ကြောင့်သာမဟုတ်ရင် မူလရှီးနဉ်က အဆုံးစွန်အထိ မိုက်ရူးရဲဆန်တဲ့အလုပ်တွေ လုပ်ရဲမှာကို မဟုတ်ဘူး။
 

ဝတ္ထုထဲမှာဆို သူမက ရှီးနဉ် အနားမှာ‌နေပြီး မီးစမွှေးကာ ပြဿနာပေါင်းစုံ မလုပ်,လုပ်အောင်ကို တိုက်တွန်း၏။   ဝတ္ထုရဲ့ဇာတ်လိုက်မ ထုန်လုကို ရှီးနဉ်အား မမုန်း မုန်းအောင် အတင်းဂုန်းတိုက်ပြီး အနိုင်ကျင့်စေတဲ့အထိ တစ်ဖက်လှည့်နဲ့ ရှီးနဉ် ကို လူမိုက်ငှားကာ အကျင့်ယုတ်စေ‌သည်။ 

ရှီးနဉ်က မိုက်ရူးရဲဆန်စွာလုပ်ပစ်ပြီး အရာအားလုံးကို ဆုံးရှုံးသွားပြီ ဆိုတာကို သိလိုက်ရမှ သူမက ယွီချူယောင်ဆီကို အပြေးလေးသွားကာ ငိုပြောလေသည်။

“ချူယောင်ကျဲ ညီမလေး ဘာဆက်လုပ်သင့်လဲဟင်? ဖေဖေက ကားအက်စီးဒန့်ဖြစ်နေပြီး အစ်ကိုနဲ့လည်း အဆက်အသွယ်ပြတ်‌သွားပြီ မေမေကလည်း အဖေ့စိတ်ကြောင့် အိပ်ရာထဲမှာ လဲနေတယ် ဘယ်သူကမှ ညီမလေးကို ကူ‌ညီပေးချင်တဲ့ပုံမပေါ်ဘူး ကျေးဇူးပြုပြီး ကျဲ ညီမလေးကို ကူညီပါနော် ”
 

အဲ့အချိန်မှာ ချူယောင်အတွက် ရှီးနဉ်ဟာ အသုံးမလိုတော့တဲ့ အမှိုက်တစ်စသာသာပဲ ဖြစ်နေလေပြီ။ သူမရဲ့ ဟန်ဆောင်ပန်ဆောင် နွေးထွေးကြင်နာတဲ့ မျက်နှာ‌ထားက  လိုအပ်မနေတော့တာကြောင့် ချက်ချင်း အမူအရာပြောင်းကာ ထေ့ငေါ့ပြောတော့သည်။

“ငါဘာလုပ်ပေးလို့ရမှာလဲ? နဉ်နဉ် နင်အရမ်းလက်လွန်သွားပြီလေ  သူများမျက်နှာကို (အက်စစ်နဲ့)ဘယ်လိုတောင် ရက်ရက်စက်စက် ဖျက်ဆီးပစ်နိုင်ခဲ့ရတာလဲ?အဲ့တာက တရားဥပဒေနဲ့ မလွတ်ကင်းဘူးနော်  သိလား ကျဲ ကူညီချင်‌ရင်တောင် နင့်ကို ကယ်တင်မပေးနိုင်တော့ဘူး”
 

ရှီးနဉ်ဟာ  ထိုစကားကြားပြီး မျက်ရည်ဝဲသွားကာ ရှော့ခ်ရသွားလေသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Opowieści tętniące życiem. Odkryj je teraz