ဟေးယွဲ့ စကားဆိုအပြီး ဝမ်ရိပေါ် မျက်နှာမှာ ပိုမို လေးနက်လာသည်။
"ကောင်းပြီ...မင်းပြောတဲ့ အတိုင်း ငါလုပ်မယ်...ဒါပေမဲ့ အန္တရာယ်မများဘူးလား..."
"ပြဿနာ မရှိဘူး..."
မူချင်းဖန် ကတော့ ပြုံးလျှက်ပင် သူ့ရှေ့က
လူနှစ်ယောက်ကို ရင်းရင်းနှီးနှီး စကား
ဖလှယ်ခွင့် ပေးထားလေသည်။
"မင်းတို့ ဘာပဲ ကြံစည်နေ ကြံစည်နေ ငါ့ကို အနိုင်မယူနိုင်ဘူး ဆိုတာ သိသင့်တယ်..."
"ခင်ဗျား ကျိန်းသေလား..."
ဝမ်ရိပေါ် ဟေးယွဲ့ကို တွဲလျှက်ကပင် သေနတ်ကို ထုတ်ယူလိုက်သည်။
"မင်း သေနတ် လေးနဲ့ ငါ့ကို ပစ်မလို့လား...
အကျိုးသက်ရောက်မယ် ထင်လို့လား... "
"ဒါတော့ စမ်းကြည့်ရင် သိမှာပဲ...."
ဝမ်ရိပေါ်... ဟေးယွဲ့ကို ဘေးဘက်သို့ တွဲပို့လိုက်ရင်း...
"မင်း ရပ်နိုင်သေးတယ် မလား...."
ဟေးယွဲ့ ခေါင်းညိမ့်ပြလိုက်သည်။
ဝမ်ရိပေါ် ....မူချင်းဖန် ကို တိုက်ခိုက်ရန်သာ အာရုံစိုက်လိုက်သည်။
မူချင်းဖန် ပင် မလှုပ်ရှားရသေး အားကျိ က တိုက်ခိုက်ရန် ရှေ့တက်လာသည်။
"နောက်ဆုတ်...."
မူချင်းဖန် ထိုစကား တစ်ခွန်း သာ ဆိုလာသည်။ အားကျိမှာ နောက်သို့ ချက်ချင်း
ပြန်လျှိုဝင်သွားခဲ့သည်။
ဝမ်ရိပေါ် မည်မျှပင် ကြိုးစားကာ တိုက်ခိုက်စေကာမူ မူချင်းဖန် ၏ တိုက်ခိုက်မှုအောက် အလူးအလဲ ခံနေရသည်။
ဝမ်ရိပေါ်၏ မစို့မပို့ တိုက်ခိုက်မှုကလည်း
မူချင်းဖန် ကို အနည်းအကျဥ်းတော့ ထိခိုက်စေသည်ပင်။
အချိန်အတန်ကြာသည်အထိ ဝမ်ရိပေါ်မှာ
ခုခံဆဲမို့ မူချင်းဖန် စိတ်မရှည်ချင်တော့။
မူချင်းဖန် တွေးမိသည်။ ကြောင်က ကြွက်ကို ကစားနေတာ ရပ်သင့်ပြီဟု။
ထို့ကြောင့် အားအင်အပြည့်ထည့်လျှက်
ဝမ်ရိပေါ်ကို သတ်ရန် လက်မြှောက်လိုက်သည်။
YOU ARE READING
The Same L💗VE (completed )
Fanfictionနတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူသော်လည်း ချစ်ခြင်းမေတ္တာ သည်မှာတော့ တူညီနေခဲ့သည်... နတ်ဘုရား မျက်ရည်စက် တစ်ခုကနေ အစပြုကာ သက်ရောက်ခဲ့သည့် လူသားတစ်ဦးနှင့် နတ်ဘုရားတစ်ပါး.. ဘဝခြင်း မတူ...
part 60
Start from the beginning
