Chapter - (8) "ကိုကို က လူဆိုးကြီးပဲလုပ်မှာ..." 🚨🔞🚨

Start from the beginning
                                    

"အဲ့တော့.... ဘာဖြစ်လဲ....

"လူမြင်ကွင်းလို့ပြောရအောင်..
တခြားသူတွေ ...လာတာ...
မင်း တွေ့လို့လား...."

"မတွေ့ပါဖူး....
ဒါပေမယ့်...မတော်တဆ ရောက်လာရင်.....
ဘယ်လိုလုပ်မလဲ...."

"ဘယ်လိုမှ ...မလုပ်ဖူး..."

"တွေ့နိုင်စရာ အကြောင်းလဲ မရှိဖူး..."

"ဒီ တောင်ကုန်း ပတ်ဝန်းကျင် တစ်ခုလုံးက ...
ဘိုးဘွားစဉ်ဆက် သခင်လေးတို့ မိသားစု ..အပိုင်ပဲလေ...
အပြင်လူ ဘယ်သူမှ မလာနိုင်ဖူး....."

"အော်....မသိပါဖူး..."

"သခင်လေးက သခင်လေးခက် ကို
အရမ်းသဝန်တိုတာ...
သူလား ... သူ့လူကို .. လူမြင်ခံမှာ....."

"ဟုတ်လား... အဲ့ဒါကြောင့်နေမယ်...
ကျွန်တော် သခင်လေးခက် နားကပ်နေရင်..
သခင်လေးက ဂျိုကြည့်ကြည့်နေတယ်လို့ ..
ခံစားနေမိတာ..."

"အဲ့တာ အမှန်နဲ့တူတယ်..."

"အင်း...မင်းကလည်း ...
အခုမှ ဓာတ်ပေါက်ရသလားကွာ..."

"မသိပါဖူး ....အစကထင်နေတာ ...
ကျွန်တော်များ အတွေးလွန်နေသလားလို့ပေါ့..."

"အေး...အေး...မင်းအခုသိပြီဆိုတော့ ...
အရိပ်အကဲကြည့်နေပေါ့..."

"ဟုတ်ကဲ့...ဦးလေး..."

"တုံးအ မနေနဲ့ ...
ထက်ထက်မြက်မြက်ဖြစ်အောင် နေ... "

"သွက်သွက်လက်လက်ရှိပြီး ...
အထူအပါးနားလည်ပါစေ..."

"ဟုတ်..."

စပ်စုမိတာနဲ့ အပြောခံလိုက်ရတာ မကာမိ၍ မင်းသွေးညို ကိုယ့်ဘာသာကိုယ်ပဲ ကျိန်ဆဲနေလိုက်တော့သည်။

'ကဲ...သေနာလေး...စပ်စုချင်ဦး....
မောင်မင်းသွေး...မှတ်ပလားဟ...'

သူ့ (ရုက္ခ) ယုန်ကောင်ပေါက်လေးကို ရုက္ခ ပွေ့ချီလိုက်ပြီး ရွက်ဖျင်တဲအတွင်း၌ သိပ်ထားလိုက်သည်။

ညဉ့်ယံက မှောင်မိုက်လာသည်နှင့်အမျှ မြောက်လေကလေး တဖြူးဖြူးဖြင့် အေးသထက် အေးစိမ့်လာသည်။

သစ်ခက် ကို စောင်ခြုံပေးခဲ့ပြီး တဲအတွင်းမှ အသာအယာထွက်လာခဲ့သည်။

What is LOVE? အချစ်ဆိုတာ ဘာလဲ? အခ်စ္ဆိုတာ..ဘာလဲ?Where stories live. Discover now