Part_2

11.8K 966 9
                                    

Unicode~~

"ပါး ကျွန်တော်လက်မခံဘူးနော်
ဝမ်ရိပေါ်ရဲ့လက်အောက်မှာ ကျွန်တော်က ဘာလို့ အလုပ်ဝင်ရမှာလဲ"

ရှောင်းကျန့် ရုံးခန်းစားပွဲပေါ်  လက်နှစ်ဖက်ထောက်ရင်း​အသည်းအသန်ငြင်းသည်။

"မင်းကောင်းဖို့အတွက်စီစဥ်ပေးတာ မငြင်းနဲ့
ရှောင်းကျန့်"

"သူ့လိုလူက ဘယ်လိုကုမ္ပဏီမျိုးထောင်နိုင်လို့လဲ"

ရိပေါ်ကို တစ်ချက်စောင်းကြည့်ပြီး ရှောင်းကျန့်က ခနဲ့၍ပြောလာသည်။

" 'Leo'ဆိုတဲ့ ကုမ္ပဏီအကြောင်း ကြားမိသေးလား သား"

"သိတာပေါ့ အဲ့ကုမ္ပဏီက..."

ပါပါးက မျက်လုံးတစ်ဖက်မှိတ်ပြသည်။
ရှောင်းကျန့်သိသည်က 'Leo' ဆိုတဲ့ ကုမ္ပဏီက တစ်နှစ်ခွဲဆိုတဲ့ အချိန်အတောအတွင်း နိုင်ငံ့စီးပွားရေးလောကရဲ့ Top 10 စာရင်းထဲဝင်လာခဲ့သည်။CEO က လူလုံးထွက်ပြလေ့မရှိဘူးတဲ့ အဟက် ဝမ်ရိပေါ် ဖြစ်နေခဲ့တာလား။

"ဝမ်ရိပေါ်ဆီမှာ အလုပ်လုပ်"

"ကျွန်တော်က သူ့ထက် အတွေ့အကြုံပိုရှိတာကို"

"တစ်နှစ်မခံတဲ့ အတွေ့အကြုံလား"

"ပါး!!!"

~~~~~~~~~~~~~~

"ကူညီပေးပါဦး ရိပေါ်ရေ
သားရှောင်းကျန့်က ဂျစ်တီးဂျစ်ကန်နဲ့"

"ကျွန်တော် ​ထပ်ပြောကြည့်ပေးပါ့မယ်"

"ပါးက ရုတ်တရက်ကြီး ရှောင်းကျန့်ကို Sean ကုမ္ပဏီရဲ့ CEO နေရာလွှဲပေးလိုက်ရင် ဝန်ထမ်းတွေ သူ့အပေါ် မလေးစားကြမှာစိုးတယ်။ ရှောင်းကျန့်ကလဲ တခြားကုမ္ပဏီကနေ လောလောလတ်လတ် အလုပ်ထွက်လာတာဆိုတော့လေ"

"စိတ်ချပါ ပါး
ကောက အကျိုးအကြောင်းပြောပြရင် လက်ခံမှာပါ"

ဝမ်ရိပေါ် ဖုန်းပြောပြီးနောက် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။တံခါးပြန်မပိတ်ခင် ဝင်လာတဲ့တစ်စုံတစ်ယောက်ကြောင့် ဝမ်ရိပေါ် ရင်ထဲ လေအေးအေးလေးဖြတ်တိုက်သွားသလိုပဲ။သူ့ကိုမြင်တော့ ထိုတစ်စုံတစ်ယောက်သောသူက မျက်မှောင်ကျုံ့သွားကာ စိတ်မရှည်သလို သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

LOVE or PLAY {Complete}Where stories live. Discover now