Win-"ဟဟုတ်ပါတယ်ဗျ"

Light-"မင်း ငါ့သားကိုဘာလို့ချစ်တာလဲ?"

Plare-"Excuse me..?အဖေကအဲ့ဒါကိုဘာလို့မေးဖို့လိုတာလဲ?"

Light-"ငါစကားပြောနေရင် ဖြတ်မပြောနဲ့ ညည်းအပြင်မှာသွားစောင့်နေ မဟုတ်ရင်ပြန်ချင်ပြန်တော့"

Plare-"ဒါမဲ့ အဖေ.."

Light-"ပြန်!"

Plare-"...."

🔸'Light'၏အမိန့်အောက် 'Plare'ပြန်မပြောနိုင်တော့တာကြောင့် အိမ်ကိုသာပြန်သွားတော့သည်။ကျန်ခဲ့သည့် 'Win'မှာ​တော့ 'Light'၏တင်းမာနေသည့်အသံကြောင့် မော်လို့ပင်မကြည့်ရဲဖြစ်နေရသည်။

Win-"ကျွန်တော် သူမို့လို့ကိုချစ်တာပါ"

🔸ဒီလိုတင်းမာနေသည့်အခြေအနေကြားမှာ​တောင်ပြောရသည့်သတ္တိက P'Bright'ကိုချစ်သည့်အချစ်က ပေါက်ဖွားလာသည်ဟုပြောရင်မှားမည်မထင်ပါ..။

Light-"မင်းသိလား ယောင်္ကျားချင်းဆိုတာ လက်ထပ်ယူလို့မရဘူး လူတကာကဲ့ရဲ့ကြလိမ့်မယ် အဲ့ခါကျ သူ့သိက္ခာကျမှာကိုမင်းမစဥ်းစားမိဘူးလား"

Win-"သူတို့ဘယ်လောက်ကဲ့ရဲ့ကဲ့ရဲ့ ကျွန်တော်P'Brightကို ချစ်နေရင်ပြီးတာပဲမဟုတ်လား"

Light-"ဟားဟား ဘဝကြီးကမင်းထင်သလိုမရိုးရှင်းဘူး 'Win'ရဲ့ မင်းတို့အဲ့ကဲ့ရဲ့ဒဏ်ကိုခံပြီးလက်ထပ်လိုက်ကြပြီဆိုပါစို့ အဲ့ဒီအခါကျ မင်းမှာကြုံတွေ့လာရမဲ့ပြသနာတွေဟာအများကြီးပဲ 'Win'"

Win-"ဆိုလိုချင်တာက..?"

Light-"လက်ထပ်ပြီးလို့ Bright ကသူနဲ့တူတဲ့ကလေးလေးဖြစ်ဖြစ်မင်းနဲ့တူတဲ့ကလေးဖြစ်ဖြစ် လိုချင်တဲ့အခါမင်းသူ့အတွက်မွေးပေးနိုင်ပါ့မလား? သူ့ဘဝလှပဖို့အတွက်သူ့လက်တွဲဖော်ဖြစ်ဖို့အသင့်တော်ဆုံးက မိန်းကလေးပဲတစ်ယောက်​ဖြစ်ဖို့လိုတာ"

Win-"ကျွန်တော်က ကျွန်တော့်နှလုံးသားကိုစတေးပြီး P'Brightပျော်ရွှင်ဖို့အတွက် တခြားမိန်းကလေးတစ်ယောက်ဆီလွှတ်ပေးပြီး သူရဲဘောကြောင်မဲ့သူမျိုးမဟုတ်ဘူး P'Bright'ကိုကျွန်တော့်အနားမှာထားပြီး သူ့ကိုအပျော်ဆုံးဖြစ်အောင်ဖန်တီးပေးမှာ"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now