♦Part 17♦

436 30 4
                                    

[Unicode]
♥မောင်ချစ်သော နှင်းဆီနှင့်ကျွန်တော်♥
                     ♦Part 17♦   

🔸မြေပေါ်ပြန့်ကျဲနေသည့်'Chocolate Cosmos'ပန်းများကိုငေးရင်း P'Bright'ရင်ခွင်ထဲဇိမ်ကျစွာနေရင်းနဲ့ပင်ညနေစောင်းလာတော့သည်။တစ်ချက်တစ်ချက်လေညင်းကလေးကကျီစယ်လိုက်လျှင် သူဆွတ်နေကျ 'Bleu De Chanel'ရေမွှေးရနံ့လေးက နှာခေါင်းနားမှာရစ်ဝဲနေ၏။

🔸 ရေမွှေးဆိုသိပ်မကြိုက်တဲ့ကျွန်တော်ကအခုဒီရနံ့ကို သိပ်ကိုမွှေးတဲ့ရေမွှေးလို့ပြောရမလား ဒါမှမဟုတ် သူဆွတ်နေကျမို့မွှေးနေတာများလား?"အဓိကကတော့ ကျွန်တော်သိပ်သဘောကျတယ်ဆိုတာပဲ...။

Bright-"နှင်း..!"

Win(Rose)-"ဟင်..ပြောလေ P'"

Bright-"လာ ပြန်ရအောင်ကိုယ်တို့ကို 'Nann'တို့ရှာနေလောက်ပြီ"

Win(Rose)-"အင်း ပြန်ကြမယ်.."

Bright-"အိမ်ထိလိုက်ပို့ပေးမယ် 'နှင်း'ကို"

Win(Rose)-"အမယ် P'ခေါ်လာတာကို P'လိုက်မပို့လို့ ဘယ်သူလိုက်ပို့ရမှာလဲလို့?"

Bright-"ကျွန်တော်က စတာပါဗျာ.."

Win(Rose)-"ဟွန့် လာမြန်မြန် 'Drake'ကားနားသွားရအောင် သူတို့ရောက်နေလောက်ပြီ"

Bright-"Ok"

🔸'Drake'ကားရပ်ထားသည့်နေရာသို့ လျှောက်လာရင်း ကားကိုမှီကာရပ်နေသည့် 'Drake'ကိုတွေ့လိုက်ရသည်။

Drake-"မင်းတို့ကကြာလိုက်တာ ဘယ်တွေသွားနေတာလဲ ဒီလောက်မှောင်နေပြီကို.."

Bright-"ငါ့ကောင်မလေးနဲ့ငါ Date တာလားမင်းအပူပါလား?"

Drake-"မင်း..!"

Win(Rose)-"အာ တော်ပြီ အိမ်ပြန်ရအောင် 'နှင်း'အိပ်ချင်နေပြီ"

🔸'Win(Rose)'၏အိပ်ချင်မူးတူးပြောသံကြောင့် 'Bright'နှင့်'Drake'မှာအမြန်ပင်ကားပေါ်တက်ကာ အိမ်ပြန်ရတော့သည်။အိမ်အထိလိုက်ပို့ခဲ့ပြီး 'Bright'လဲ အိမ်ပြန်ရန်ပြင်တော့ 'နှင်း'ကအိမ်ထဲမှပြန်ထွက်လာပြီး...

Win(Rose)-"P'Bright!"

🔸'Bright'လဲဆိုင်ကယ်ဦးထုပ်ဆောင်းနေရင်းမှ အနားရောက်နေသည့်'Win(Rose)'ကိုလှည့်ကြည့်လိုက်သည်။

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Où les histoires vivent. Découvrez maintenant