♦Part 29♦🔞

Start from the beginning
                                    

Bright-"အာ့ဟ ကောင်းလိုက်တာ ချာတိတ်ရယ်.."

Win-"အာ့ဟင်းးး.."

🔸အချိန်အတော်ကြာ ရှေ့တိုးနောက်ဆုတ်လုပ်ပြီးချိန်မှာတော့ နာကျင်မှုမှ သာယာမှုသို့ပြောင်းလဲသွားသည့်အချစ်ရေယာဥ်ကြောထဲ သူတို့နှစ်ယောက်အပြိုင်အဆိုင်ကူးခတ်နေကြတော့သည်။

Next day Morning..🌞
(🍀မိုးမလင်းချင်လဲ လင်းလိုက်ပါတော့မယ်လို့...ဟီး)
🔸ရင်ခွင်ထဲတွင်နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ကလေးငယ်ကိုကြည့်ရင်းနဖူးထက်သို့အနမ်းတစ်ပွင့်ခြွေမိသည်။သူသိပ်ချစ်ရသည့်လူသားလေးမဟုတ်လား..။

Win-"ဝှားးးးး"

🔸သမ်းဝေတဲ့အသံရှည်ကြီးနှင့်နိုးလာသည့် သူ့ကလေးငယ်အားကြည့်ကာ 'Bright'မပြုံးပဲမနေနိုင် အင်းလေ သိပ်ချစ်ဖို့ကောင်းတာကိုး။'Win'လေး၏မျက်နှာနားကပ်ကာ နှာခေါင်းချင်းပွတ်သပ်လိုက်ရင်း..

Bright-"နိုးပြီလား ကလေးငယ်"

Win-"အွန်း...P'Bright'ကနိုးတာကြာပြီလား?"

Bright-"ကြာပါပြီဗျာ ဒီကလေးငယ်လေးအိပ်နေတာလှလွန်းလို့ကြည့်နေတာပါ"

🔸'Bright'က'Win'၏ခေါင်းကလေးအားအသာပွတ်သပ်ကာပြောလိုက်ခြင်းဖြစ်သည်။

Win-"ဟွန့် P'ပြောပုံအတိုင်းဆိုကျွန်တော်က P'ကျွန်တော့်ကိုလှတယ်မြင်အောင်လို့တစ်နေ့လုံး အိပ်နေရမလိုဖြစ်နေပြီ"

Bright-"အဲ့လိုလဲမဟုတ်ပါဘူးဗျာ..ကလေးငယ်ကဘယ်အချိန်မဆိုလှပါတယ် ဒါပေမဲ့ ဟိုအချိန်ကတော့အလှဆုံး.."

🔸'Win'၏အဝတ်နဲ့မကပ်တော့သည့် ခန္ဓာလေးအားကြည့်ရင်းပြောတော့ 'Win'လေးရှက်ကာ မျက်နှာလေးနီရဲလာတော့သည်။

Bright-"ရှက်တာလေးကလဲ ချစ်စရာလေးကလေးငယ်ရယ် ပါးစပ်ထဲသာငုံထားလိုက်ချင်တယ်..ရွှတ်"

🔸'Bright'လဲ 'Win'ရှက်နေသည့်ပုံကလေးကိုအသဲယားကာ 'Win'၏ပါးပြင်ထက်အနမ်းချိုချိုလေးတစ်ပွင့်မွှေးကြူလိုက်သည်။

Win-"ကျွန်တော် ရေသွားချိုးတော့မယ် ညစ်ပတ်နေပြီ"

Bright-"မောင် ချိုးပေးရမလား"

Win-"မ..မလိုပါဘူးကိုယ့်ဘာသာချိုးမယ်..အာ့"

🔸ပြောရင်းဆိုရင်းအိပ်ရာကထသွားတော့ အောက်ပိုင်းကနာကျင်လာမှုက ထိုးတက်လာသည်။နာကျင်မှုကြောင့်လမ်းပင်မလျှောက်နိုင်တော့တာကြောင့် 'Win'က'Bright'အားမျက်စောင်းလှလှတစ်ချက်ထိုးပစ်လိုက်သည်။'Win'၏မျက်စောင်းလှလှကိုမြင်ကာ 'Bright'လဲဆံပင်တွေကိုသူ့လက်ချောင်းရှည်ကလေးတွေနဲ့ထိုးဖွရင်း 'Win'ကိုပြုံးပြကာ....

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now