ထွက်ပြေးလို့ လွတ်နိုင်တော့မည်မဟုတ်တာကြောင့် လေးယောက်သား Audi ပေါ်က ဆင်းလာမည့်သူကိုသာ စောင့်နေကြရသည်။
ဆိုင်ရာပိုင်ရာထဲက တစ်ယောက်သိသွားရင်ကို ကျန်တဲ့သုံးယောက်ဆီပါ သတင်းရောက်ပြီးသားမို့ မလှုပ်ရဲပါ။
ကားတံခါးဖွင့်သံနှင့်အတူ ဆောင့်ပိတ်သံ ဝုန်းခနဲပါ ကြားလိုက်ရသည်မို့ လေးယောက်သား တုန်ခနဲ။
"မောင်"
"ဗျာ! ကို~ကြီး"
နာမည်ခေါ်သံ ကြောင့်ဆတ်ခနဲ မော့ကြည့်ပြီး ထူးရသည်။
ဆုံလိုက်ရသည့် မျက်ဝန်းနက်တို့က မောင် အသွေးအသားတွေထိ စူးနစ်တော့မတတ် ခံစားရသည်။
ကြုံ့ထားသည့် မျက်ခုံးထူထူကြောင့် တံတွေးကိုသာ မျိုချရသလို၊ မျက်နှာပေါ်က သွေးစ ဆီ အကြည့်ရောက်လာချိန်တွင် တင်းသွားသည့် မေးရိုးတို့က အသက်ရှူပင်မှားချင်ချင်ဖြစ်ရသည်။"ဒါက မင်းတို့ စာလုပ်တဲ့နေရာ?"
လေးယောက်လုံးကို ခြုံကြည့်ပြီး မေးလာသည့်စကားက မောင်တို့ကို တောင့်ခနဲ အေးခဲသွားလုမတက်။
ရှူးဖိနပ်ရဲ့ သေသပ်ပိရိသည့်ခြေသံကပင် သူတို့ကို ရင်မောစေသည်။
"မင်းတို့ ကိုယ့်ကို ပြောသွားတုန်းက ဒီလိုစုတ်တီးစုတ်ပဲ့ နေရာမှာ စာလုပ်ကြမယ်မှန်း မသိရပါ့လား"
စိတ်ရှုပ်ဟန် ရှပ်အင်္ကျီက အပေါ်ဆုံးကြယ်သီးတို့ကို ဆွဲ ဖြုတ်နေရင်း ခပ်ဖြည်းဖြည်းပြောနေသူသည် သေချာပေါက် စိတ်တိုနေပြီ။
"မောင် မင်းပုံစံက ဘယ်လိုတောင် စုတ်ပဲ့နေရတာလဲ ငါနဲ့ဝေးတာ တစ်နေ့ခင်းပဲ ရှိသေးတယ်"
ခေါင်းပေါ်က ဆံပင်တွေကို ရည်ရွယ်မှန်းသိလိုက်သည်မို့ မောင့်မျက်နှာက ကွက်ခနဲပျက်ရသည်။
မနက်ခင်းကမှ ပြောင်းထားသည့် ဆံပင်ကာလာလေး ဒီညအတွက် RIPတော့မည်။ထိုအချိန်မှာပဲ ကိုကြီးphလေးက ထမြည်လာသည်။
"အင်း စည်သူ"
စည်သူဆိုသောအသံကြားသည်နှင့် သော့်ခေါင်းသည် ဆတ်ခနဲ ထောင်လာရသည်။
မောင့်ရဲ့ ခိုနားရာ
Start from the beginning