မာန့် ကိုခေါင်းလေးစောင်းကာလှည့်ကြည့်လာ
သည့် Baby ရဲ့နှုတ်ခမ်းပါးလေးကိုဖြတ်ခနဲ
ငုံ့နမ်းတော့ မာန့် ကိုမကျေမနပ်ဖြစ်သွားတဲ့
ရုပ်လေးနဲ့စိုက်ကြည့်သည် ။

" Baby ညစာစားပြီးရင်လိုက်ပို့မယ် "

" ဒါဆိုအခုစားမယ်....မြန်မြန်လုပ်ပေး!!! "

တကယ်တော့ Baby ကဒီပင်လယ်ကြီးကိုစ
မြင်ကတည်းကသွားချင်နေခဲ့တာပင် ။ မာန်
ကသာဒီနေရာကိုချန်ထားခဲ့ပြီး Baby ကိုတ
ခြားနေရာတွေအရင်ပို့ပေးခဲ့သည် ။ လီယန်
ရဲ့ Sky Hotel နာမည်ကြီးရခြင်းအကြောင်း
အရင်းတွေထဲမှာ ဒီပင်လယ်ကအရေးပါဆုံး
အကြောင်းအရင်းတစ်ခုပင် ။

Sky Hotel ရဲ့ထူးခြားချက်တစ်ခုက ပုံမှန်
ကမ်းခြေအနီးက Hotel တွေလိုကမ်းခြေနဲ့
မျက်နှာချင်းဆိုင်အနေအထားဖြင့်ဆောက်
လုပ်ထားခြင်းမဟုတ်ဘဲ ကမ်းခြေကိုကျော
ပေးပြီးဆောက်လုပ်ထားခြင်းပေ ။ ပြီးတော့
လီယန် ကသူ့ Hotel အခန်းတိုင်းမှာမှန်နံရံ
ကြီးတွေတပ်ဆင်ထားပြီး ကမ်းခြေရဲ့အလှ
အပကိုအပြည့်အဝခံစားစေသည် ။

ကမ်းခြေသွားချင်လွန်းလို့စပ်စလူးစိန်ဖြစ်
နေသည့် Baby ကြောင့် Hotel စားဖိုမှူးဆီ
တိုက်ရိုက်ဆက်သွယ်ပြီး Baby အတွက်သန့်
ရှင်းလတ်ဆတ်တဲ့ဟင်းပွဲတွေပြင်ဆင်ခိုင်းရ
တော့သည် ။ Baby အတွက်စီစဥ်ခိုင်းထား
သည့်အစားအသောက်တွေရောက်လာသည့်
အချိန်ထိစောင့်ပြီးမှ မာန် ရေချိုးခန်းထဲဝင်
ကာရေချိုးလိုက်သည် ။

မာန် ရေချိုးပြီးထွက်လာတော့ Baby ကအ
ဆင်သင့်ဖြစ်နေချေပြီ ။ အပြာရင့်ရင့်လက်
ရှည်အင်္ကျီလေးကို အဖြူရောင် T_Shirt
လက်တိုလေးနဲ့တွဲဝတ်ထားပြီး ဒူးတိဘောင်း
ဘီအနက်ရောင်လေးပါပေါင်းစပ်လိုက်တော့
Baby ကချစ်စဖွယ်လေးပင် ။ တက်ကြွတဲ့
ကြက်ဖလေးဖြစ်နေတဲ့ Baby ကိုအကြာကြီး
စောင့်မနေစေချင်တာမို့ မာန် အဝတ်အစား
ခပ်မြန်မြန်လဲလိုက်သည် ။

အနက်ရောင်လည်ပိတ်ဆွယ်တာနှင့်ပေါ့ပါး
ပြီးစတိုင်လ်ကျသည့် အနက်ရောင်ဘောင်း
ဘီရှည်ကြောင့် မာန် ကပုံမှန်မြင်နေကျနဲ့မတူ
လွတ်လပ်ပေါ့ပါးသည့်လူငယ်တစ်ယောက်
အသွင်ဖြင့်...။ လီယန် ရဲ့ Hotel ကကမ်းခြေ
နဲ့သိပ်မဝေးတာမို့ မာန် တို့လမ်းလျှောက်ထွက်
ခဲ့ကြသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now