Episode(9)Visiting To Taoranting Park

Start from the beginning
                                    

"ကျွန်တော်မနက်က လိုက်ကူးထားတယ်လေ"

"တစ်နှစ်နီးပါးသင်ထားတဲ့စာတွေမရှိပဲ ဒီတစ်ရက်လေးလိုက်ကူးထားတဲ့စာနဲ့ စာမေးပွဲမှာ ငါးမှတ်ရရင်ကံကောင်းပဲ"

ကျွန်တော်ပထမနှစ်က စာအုပ်တွေယူလာခဲ့တာ ကံကောင်းသွားတယ်
အဲ့စာအုပ်တွေကနေ စာရှင်းပြတော့ ဝမ်ရိပေါ်က နားလည်လွယ်ပါတယ်
တစ်ခေါက်ရှင်းပြတာနဲ့ နားလည်သွားတဲ့ ကလေးက ဘာလို့စာမလုပ်တာလဲ? သူဉာဏ်ကောင်းတာသူသိလို့ တမင်နှစ်ကုန်ခါနီးမှစာလုပ်ဖို့ စီစဉ်ထားတာများလား

ဝမ်ရိပေါ်က တကယ်မလွယ်ဖူး...

ည7:00ထိုးတော့ ညစာစားဖို့ ဝမ်မားက လာခေါ်တယ်

"အားယိုး ငါ့သားလေးတွေစာကြိုးစားလှချည်လား
လာလာ ရှောင်းလေးလဲညစာ စားသွားလိုက်"

"မစားတော့ဖူးမား အိမ်ကညစာချက်ထားတာတွေအလကားဖြစ်မှာစိုးလို့ နောက်နေ့မှစားတော့မယ်နော်"

"အဲ့လိုဆိုတော့လည်း ထားပါတော့လေ
သားငယ်လေး ရှောင်းလေးကိုလိုက်ပို့လိုက်ဦး"

"ဟုတ် မား"

အဖေကော အမေကော အကိုကော မရှောင်ပဲ
ရှောင်းကျန့်လက်ကို စွဲကိုင်လို့ ခပ်တည်တည်ပင် ဖြတ်လျှောက်သွားသူ ဝမ်ရိပေါ်....

အင်း ညီအစ်ကိုတွေပါ ဟုသာ ဝမ်ပါးနဲ့ဟိုက်ခွမ်းတွေးမိသည်

"ကျန့်ကော မနက်ဖြန်တစ်နေရာရာသွားလည်ရအောင်"

"စာသင်တာတစ်ရက်ပဲရှိသေးတယ် ဘယ်နေရာခြေလှည့်ချင်ပြန်တာလဲ"

"ပန်းခြံတစ်ခုခုသွားကြမယ်လေ
ကျွန်တော်တို့dateတောင်မလုပ်ရသေးဖူးလေ
နော် ကျန့်ကော"

ခွေးပေါက်လေးလို မျက်လုံးလေးကလည်ကလည်လုပ်ပြတယ်။ လူကိုဘယ်လိုသတ်ရမလဲ ကောင်းကောင်းသိနေတာပဲကွာ......

"အင်း ခွေးပေါက်လေးသွားချင်တဲ့နေရာစဉ်းစားထား။ လိုက်မပို့နဲ့တော့ ကိုယ်taxiငှါးပြန်မယ်။ ထမင်းသွားစားတော့"

"နိုးနော် နိုးပဲ မရပါဖူး ။ အိမ်က driverလိုက်ပို့ခိုင်းလိုက်မယ် အဲ့လောက်တော့ရတယ်မှတ်လား"

Love That Began With MagicWhere stories live. Discover now