ထိုအတွက်​ကြောင့် သူက ယွီချင့်ဟွမ်ကို လှမ်းခေါ်လိုက်ရင်း ဒီစတား​လေး (ကောင်းယွင်ချန်) ကို ကိုယ့်ဘာသာ သိမ်ငယ်နိမ့်ကျ​စေမှု ဆိုတာဘာလဲနားလည်သ​ဘော​ပေါက်အောင် သင်ကြားပြသပေးရတာပေါ့!

“ကောင်းတယ် ကောင်းတယ် လျိုက တကယ့်ကို အမြင်ရှိတာပဲ”

ဝမ်ကျန်းရှန်းမှာ ကြင်နာ​နွေး​ထွေးသည့်မျက်နှာဖြင့် ယွီချင့်ဟွမ်အပေါ် သူ့သွေးသားရင်းချာအလား လုံးလုံးလျားလျား သဘောထားနေသည်။

“မင်းက ဒီဝတ်စုံနဲ့ ပိုလိုက်ဖက်တယ်”

သူက ယွီချင့်ဟွမ်ပခုံးကို အားပေးသည့်အနေဖြင့်အသာပုတ်လိုက်ကာဆိုလိုက်၏။

“ယွီ, မင်း ဒီဇာတ်ကောင်နေရာကို နှလုံးသားနဲ့ သရုပ်ဆောင် ...ကြားလား?”

“ဟုတ် ကျွန်တော်နားလည်ပါတယ်”

ယွီချင့်ဟွမ် မမျှော်လင့်ထားသည်မှာ ဝမ်ကျန်းရှန်း သူ့ကို အလောတကြီးခေါ်ဆိုရခြင်းအကြောင်းက ဒီစကားမျိုးပြောဖို့ဆိုတာကိုပင်။

သူဟာ အနည်းငယ်ထူးဆန်းတယ်လို့ခံစားနေရ​​ပေမယ့် နာခံကျိုးနွံစွာ ခေါင်းကိုညိတ်ပြလိုက်၏။

ဒီကလေး၏ အပြည့်အဝနာခံလိုက်နာမှုကို မြင်တွေ့လိုက်ရသော် ဝမ်ကျန်းရှန်းက သူ့ကိုပိုလို့တောင်သဘောကျလာ၏။

ယွီချင့်ဟွမ်မှာ တကယ်ပဲ သူ့မျက်နှာသာပေးခြင်းကို ခံယူထိုက်တယ်လို့ တွေးမိနေသည်။

ယေဘူယျအားဖြင့် ဝမ်ကျန်းရှန်းလိုအဆင့်အတန်းတခုက လူတွေဟာကောင်းယွင်ချန်လို လူမသိသူမသိ  စတားပမွှားလေးတယောက်ဖြင့် ငြင်းခုံပြီး သူ့အဆင့်အတန်းကိုကိုယ်သူပြန်နှိမ့်ချနေမည်မဟုတ်ပေ။

ထိုကြောင့် သူက ကောင်းယွင်ချန်ကို ယွီချင့်ဟွမ်ဆီက ဇာတ်ကောင်နေရာကို လုယူခြင်းနှင့် လှည့်စား ကောက်ကျစ်သော အရာတခုခုကို ကြံစည်စိတ်ကူး​နေခြင်းမှရှောင်ရှားရန် အရိပ်အမြွက်သ​ဘောလောက်သာပြလိုက်သည်။

သာမာန်သရုပ်ဆောင်မျိုးဆိုရင် ခုလိုအာဏာပါဝါရှိသူတယောက်ဆီကသတိပေးခြင်းမျိုး ခံလိုက်ရလျှင် ကျိန်းသေပေါက်တောင်းပန်ကာ သူ့ကိုယ်သူ ကောင်းမွန်စွာပြုမူနေထိုင်ပါ့မည်ဟု အာမဘန္တေခံကြမည်ဖြစ်သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now