"ဘာတွေပြောနေတာလဲ?Newရာ ပြတင်းပေါက်ကဘယ်မှာပွင့်နေလို့လဲကွာ ကုတင်ပေါ်ကပြုတ်ကျတာလည်း အိမ်မက်ယောင်ပြီးပြုတ်ကျတာနေမှာပါ လာ ထနိုင်လား?"

"ဟင့်အင်း မဟုတ် မဟုတ်ဘူး ကျွန်တော်သိတယ်ဒီမှာတစ်ခုခုရှိနေတယ် ယုံပေးပါနော်!ကျေးဇူးပြုပြီး အင့် ကျွန်တော့ကိုယုံ ယုံပေးပါနော်!"

Newကငိုနေသည်မဟုတ်သော်လည်း တစ်ကိုယ်လုံးကကြောက်ရွံမှုနှင့်အတူတုန်နေပြီ စကားတွေကလည်းမနည်းညှစ်ပြစ်ပြောနေရသည်။

Tay~Newရဲ့ပုံစံကိုကြည့်ပြီး စိတ်မချမ်းသာပေ။
နေခင်းကမှ ပြုံးပြုံးရွှင်ရွှင်နဲ့ရီရီမောမောရှိလို့စိတ်အေးနေတုန်းရှိသေး အခုပြန်ဖြစ်လာပြန်သည်။သူ Newရဲ့တုန်နေသောလက်နှစ်ဖက်ကိုအုပ်ကိုင်လိုက်သည်။

"အင်းအင်း ကိုယ်ယုံတယ် ခုတော့ပြန်အိပ်ရအောင်နော်
ဟုတ်ပြီလား?မကြောက်နဲ့တော့~"

ကလေးစကားကိုအလိုလိုက်သလို "ယုံတယ်"ပြောနေသော
P tayကြောင့်Newဘာမှဆက်မပြောတော့ဘဲ တွဲထူသောP tayလက်ကိုကိုင်ကာ ထလိုက်သည်။ထို့နောက် ဖက်အိပ်နေလိုက်သည်။P Tayကတော့ သူကျောကုန်းလေးကိုပွတ်ပေးပြီး ချော့သိပ်နေသည်။

*P tayမယုံဘူးဘဲ~~~*

Newနိုးနေလည်း မျက်လုံးကိုသာအတင်းမှိတ်
ထားလိုက်တော့သည်။
-----------------------------------
Gunခြေထောက်တွေရပ်တန့်လို့မရပေ။
အမှောင်ထဲသို့တိုးဝင်နေမိသည်။တဖြည်းဖြည်းအမှောင်ထု
ကနက်သထက် နက်လာသည်။ဒီတစ်ခါတော့ဘယ်သူမှကိုတွေ့၍မဟုတ်~။သူ့ခြေထောက်ကိုယ်တိုင်က တည်နေရာတစ်ခုကိုမရောက်ရောက်အောင် ဦးတည်သွားနေသလို~။

သူ့စိတ်ကို"ဆက်မသွားရန်"သတိပေးသော်လည်းမရ။
သူ့လက်သည်လည်း တစ်ခုခုကိုဖွင့်ရန်လှုပ်ရှားနေသည်ကို
ခံစားမိသည်။

ထိုစဉ် သူ့လက်တစ်ဖက်သည် နောက်ကနေ
လက်တစ်ဖက်၏ဆောင့်ဆွဲခြင်းခံလိုက်ရတော့သည်။

"အချစ် ယောင်ပြီးလမ်းထလျှောက်ပြန်ပြီလားကွာ~~"

ပုခုံးကိုဖြစ်ညှစ်ကာ မေးလာသောလူသားကြောင့်
သူကိုယ့်ဘာသာငုံ့ကြည့်မိသည်။သူက ညအိပ်ဝတ်စုံဖြင့် သူတို့အခန်းမဟုတ်သည့် P tayတို့ဘေးနားက အခန်းတစ်ခုရှေ့သို့ရောက်နေခြင်း။သူ့လက်နောက်တစ်ဖက်သည် ထိုအခန်းတံခါးလက်ကိုင်ပေါ်မှာ။

F4( GMM Version)Z/UWhere stories live. Discover now