Part 6

10.4K 833 6
                                        

Kyung : ငါက မင်းအသက်​ကို ကယ်​ခဲ့တာ​လေ...

Kyung Soo Kai ကို ​မော့မကြည့်​ပဲ ​ခေါင်းငုံ့ရင်း ​ပြောသည်​။ ​အေးစက်​တဲ့မျက်​ဝန်း​တွေနဲ့ ရက်​စက်​​တော့မည့်​ ပုံ​ပေါ်​နေ​သော Kai နှင့်​ သူ မျက်​လုံးချင်းမဆုံရဲ​ပေ...

Kai : အဲ့ဒါ​ကြောင့်​ ငါ မင်းကို အရင်​တစ်​ခါက လွှတ်​​ပေးပြီးပြီပဲ​လေ... ငါ ​သေချာ​ပြောထားသားပဲ.. ​နောက်​တစ်​ခါ​တွေ့ရင်​ သတ်​မယ်​လို့...

Kai အသံက ​အေးစက်​စက်​ထွက်​လာသည်​။ Kyung Soo အရဲစွန့်​ရင်း သူသိချင်​တာကို ​မေးလိုက်​သည်​။

Kyung : ငါ့ကို ဘာလို့ သတ်​ချင်​ရတာလဲ...

Kai : ဘာလို့လဲဆို​တော့ မင်းက ငါတို့ရဲ့ လျှို့ဝှက်​ချက်​ကို သိ​နေလို့..

Kyung : မင်းတို့ရဲ့ လျှို့ဝှက်​ချက်​ ?

Kai : Chanyeol နဲ့ Lay က ငါတို့နဲ့ အတူတူပဲ​လေ....ဝံပု​လွေ​တွေ... မင်းက ငါတိာ့ လျှို့ဝှက်​ချက်​ကို သိ​နေတာဆို​တော့ တခြားလူ​တွေဆီ မ​ပြောနိုင်​​အောင်​ ငါတို့အန္တရာယ်​ကင်း​အောင်​ မင်းကို သတ်​ရမယ်​....

Kai ​ပြောတာကို နား​ထောင်​ရင်း Kyung Soo အရာအားလုံးကို နားလည်​သွားခဲ့သည်​။ ​တောအုပ်​ထဲမှာ သူတို့ကို တိုက်​ခိုက်​ခဲ့တဲ့ ဝံပု​လွေနှစ်​​ကောင်​...ရုတ်​တရက်​​ပေါ်လာပြီး သူ့ကို ကူညီ​ပေးခဲ့တဲ့ Chanyeol နဲ့ Lay... Chanyeol နဲ့ Lay က သူတို့ကို တိုက်​ခိုက်​ခဲတဲ့ ဝံပု​လွေ​တွေပဲဆိုတာ သူနားလည်​လိုက်​သည်​။ ဒါ​တွေကို သူမသိခဲ့... Kai က သူသိ​နေတယ်​ထင်​လို့ သူ့ကို သတ်​မယ်​ ​ပြော​နေချင်းဖြစ်​သည်​။

Kyung : ငါ ဘယ်​သူ့ကိုမှ ​မ​ပြောပါဘူး... ငါ ကတိ​ပေးမယ်​... ဒါ့​ကြောင့်​ မသတ်​ပါနဲ့... ​တောင်းပန်​ပါတယ်​...

Kai : မရဘူး... ငါ မင်းကို မယုံဘူး.. မင်းမှမဟုတ်​ဘူး...လူ​တွေဆို ယုံကိုမယုံတာ...

Kai ​ပြောရင်း ​ရှေကို တစ်​လှမ်းချင့်းတိုးလာ​​တော့ Kyung Soo ​နောက်​ကိုဆုတ်​ရင်း နံရံမှာ ကပ်​သွားသည်​ ။ သူမျက်​လုံးကို မှိတ်​ပစ်​လိုက်​သည်​။ ​နောက်​ထပ်​ဖြစ်​လာမည့်​ အရာ​တွေကို မ​တွေးရဲ​တော့....

WOLFWhere stories live. Discover now