"အဲ့လိုကြီးလား "

"အေး ဟို မှာ အထိန်းတော် လာနေပြီလာလာ မပြောနဲ့တော့ အလုပ်လုပ်ရအောင် "

သူမလာ တာမြင်မှ ခေါင်းငံု့ထွက်ခွာသွားသောအပျိုတော် နှစ်ဦး။

*မင်းအဆင်ပြေပါစေကလေးရယ် ကျဲရင်လေးမိပါရဲ့ *

ကနုဍ်ပန်းများဖြင့် လှပစွာပုံဖော်ထားသော
တံခါးကြီးကို ဖြေးငြင်း စွာဖွင်ဟလိုက်ချိန်တွင်

လှပထည်ဝါသောရွှေရောင် အဆင်းရှိ ပိုးထည် ဝတ်ရုံအား သပ်ရက်စွာ ဝင်ဆင်ထားသော ချစ်ရသူ။
မျက်နှာတစ်ဝက် ပဝါ အုပ်ထားသော ကောင်မလေးဟာ ခန့်မှန်းကြည့်ရုံနဲ့ တင်
ပဝါအောက်က နှုတ်ခမ်းလေးဟာ ဆူနေသယောင်။

အမြဲလိုလို ချထားတတ်သော အညိုရောင်
ဆံနွယ်ရှည် ကြီးဟာ ယခုတော့ လူကြီးသဖွယ်
ထုံးထားလျက်။
ဆံထုံးပေါ်တွင် တောက်ပစွာနေရာယူထားသော ရွှေဖြင့်ပြုလုပ်ထားသောပန်း လှလှလေးများ။

သူမဝင်လာသည်နှင့် အပျိုတော်များနှင့်မိန်းမ ဆိုးများဟာ အလိုက်တသိထွက်ခွာသွားပေးသည်။

မျက်နှာချင်းဆိုင် ရှိနေကြပေမယ်
တစ်ဦးနဲ့ တစ်ဦး အကြည့်ချင်းမဆုံ မိသလို
စကားပြောချင်းလည်းမရှိ

နောက်ဆုံးတွေ့ဆုံခွင့်လေး ဆိုပေမယ်
သူမယခုအချိန် မှာ ဘာပြောရမှန်းမသိပေ
တစ်ခါတစ်ရံမှာ စကားလုံးတွေဟာ
ပြောစရာမရှိအောင်ပြောက်ရှ ခဲ့ဖူးသည်။

မော့လို့ကြည့်လာသော မျက်ဝန်းတစ်စုံနှင့်သူမဆုံခိုက် ။
နက်မှောင် ရှည်လှားသော မျက်တောင် တို့ဝန်းရံလျက်ရှိသော နက်ရှိုင်းလှပတဲ့မျက်ဝန်းငယ်။

အဓိပ္ပာယ်ပေါင်းများစွာရှိနေသော ယခင်က
လှပနက်ရှိုင်းသော မျက်ဝန်းများဟာ ယခုတော့အဓိပ္ပာယ်မဲ့နေ‌သယောင်။

ဖယ်ရှားခံလိုက်ရသော ပဝါလေးနဲ့အတူ ထွက်ပေါ်လာသော မျက်နှာလှလှလေး။

ခြယ်သထားသော မျက်နှာလေးဟာ ပို၍လှပနေသော်လည်း မပျော်မရွှင်ဖြစ်နေသော ချစ်ရသူထက် အရင်ကလို ရီမောကာပြုံးနေသောရုပ်လေးဟာ ပိုကြည့်ကောင်းသည်။

White Lotus  🍁💫[Completed]Onde as histórias ganham vida. Descobre agora