the wooden house

1.8K 132 1
                                    

Unicode

မက်မွန်ပင်တွေနဲ့ ပြည့်နေတဲ့တောတစ်ခု...
တောရဲ့အလယ်မှာ အိုဟောင်းနေ‌တဲ့ သစ်သားအိမ်တစ်လုံး....
သာယာပြီး တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်...

ထိုချိန် သစ်သားအိမ်ရဲ့အရှေ့မှာ အဖြူရောင်အလင်းတန်း ပေါ်လာခဲ့သည်..
အလင်းတန်းများပျောက်ကွယ်သွားချိန်....

ထိုနေရာမှာ အနီရောင်ဝတ်စုံ ဝတ်ထားတဲ့  နတ်ဘုရားသဖွယ်လှပ.... မဟုတ်သေးဘူး...နတ်ဘုရားသဖွယ် ခန့်ညားတဲ့ လူငယ်လေးပေါ်လာခဲ့သည်...
မကြာပါ လူငယ်လေးရဲ့ဘေးမှာ အဖြူရောင်‌‌မြေ‌ခွေးသေးသေး‌လေး... ပေါ်လာခဲ့သည်...

[မကြာခင် သတိပြန်လည်လာမယ်လို့မျှော်လင့်မိ တာပဲ...]

ပြောရင်း လဲလျောင်းနေတဲ့ လူငယ်လေးကိုကြည့် လိုက်သည်... သေချာကြည့်မှ လူငယ်လေး လဲလျောင်းနေတဲ့နေရာမှာ ရွံ့ဗွက်ကြီး

[.....]
ဟိုသေနာက ချရင် အိမ်ထဲက ကုတင်ပေါ်မှာ မချပေးပဲနဲ့ ဒီမှာလာချပေးတာကို...

ပြောပြီးတောင် မကြာ အိပ်နေတဲ့လူငယ်လေးရဲ့
မျက်တောင်ဟာ အနည်းငယ်လှုပ်ခပ်ကာ သတိပြန်လည်လာတော့သည်...

ပိုင်ရွယ် သတိရလာတော့ ခေါင်းတစ်ခုလုံး
မူးနေကာ သူ့နာမည်ကလွဲရင် ဘာကိုမှ သတိမရဘူးဖြစ်နေတယ်..

သူ့လက်ကိုမြောက်ကြည့်လိုက်တော့ အညိုရောင်ရွံ့တွေ...

“.....??”
ငါဘယ်ကရွံ့ပေါ်မှာလာအိပ်နေတာလဲ??

[အ အဟမ်း..]

ချောင်းဟန့်သံကြားလို့ ဘေးဘက်ကိုကြည့် လိုက်တော့ ပေတူးနေတဲ့ မြေခွေးတစ်ကောင်...

“ဟမ် မြေခွေးက အညိုရောင်စပ်ထားတာလား?”

[....မဟုတ်တာ ခဗျားကို စောင့်နေရင်း ရွံ့ပေါ်မှာထိုင်နေလို့ ခုလိုဖြစ်နေတာ ခဗျားအရင်ထသင့်တယ် ကျတော် အစွမ်းနဲ့ ခဗျားကို သန့်စင်ပေးမလို့]

မြေခွေးက စကားပြောတတ်တယ်ဆိုတာကို နည်းနည်း မယုံချင်ပေမဲ့ သန့်စင်ပေးမယ်ဆိုတာကြောင့် ထရပ်လိုက်သည်...

သန့်စင်ပြီးတော့ ပိုင်ရွယ် သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့် ကာ စစ်ဆေးကြည့်လိုက်သည်...

Male God Said " I Love U " [System] Where stories live. Discover now