ပိုင်ဆိုင်ရာ

ابدأ من البداية
                                    

"သားငယ် မင်းDaddyအနားလာလေ!"

တီမေ့အသံနှင့်အတူ လက်မောင်းကို ဆွဲခံလိုက်ရတာမို့ ထိုလူ့အရှေ့သို့ မိုးငယ်ရောက်သွားရသည်။

ရှေ့တည့်တည့်ရောက်ကာမှ ကွာခြားလွန်းသည့် အရပ်ကြောင့် စိတ်ထဲဘဝင်မကျ။ ဒီလောက်ကြီး မြင့်မားနေစရာလိုလို့လား။

"မိုး ဦး ငယ်"

တစ်လုံးချင်း နာမည်ခေါ်လိုက်သံက မိုးငယ်ကိုယ်လုံးကို ခပ်တောင့်တောင်ဖြစ်သွားစေသည်။

ဖျက်ခနဲ မော့ကြည့်လိုက်ပေမယ့် မျက်မှန်နောက်က မျက်ဝန်းနက်တွေကို ရင်မဆိုင်ရဲစွာ ပြန်ငုံ့ချမိသည်။

ပြန်မထူးမိလိုက်သည်က ထိုလူ့ကို အလိုမကျဖြစ်စေသည် ထင်၏။

"လူကြီးတစ်ယောက်က မင်းကို ခေါ်ရင် ပြန်ထူးရမယ်ဆိုတဲ့ အခြေခံသဘောလောက်ကို မင်းမသိဘူးလား မိုးဦးငယ်."

သြရှရှနှင့် ခပ်လေးလေးထွက်လာသည့် စကားသံက ဆူညံ​သံတွေကို ရပ်သွားစေသည်။

စစတွေ့ချင်းမှာပင် ထိုကဲသို့အခြေအနေ တင်းမာလိမ့်မည်ဟု မတွေးထားဖူး၍ မယုံနိုင်စွာ ကြောင်ကြည့်နေမိသည်။

"ကိုခန့်. သားငယ်က လူစိမ်းရင် စကားသိပ်မပြောတတ်လို့ပါကွယ်"

တီတီမေရဲ့ ဖာထေးသံကို ဘွားဘွားကပါ ခေါင်းညိတ်ထောက်ခံပေးသည်။

"ကျွန်တော်က လူစိမ်းမှ မဟုတ်တာ မမ.."

"ကဲပါ ကိုခန့်ရယ် အခုမှတွေ့ကာစကို နင်ဘယ်လိုဖြစ်နေတာလဲ နောက်တော့ ရင်းနှီးသွားမှာပေါ့ လာလာ အိမ်ပြန်ကြစို့
သားငယ်! မင်းDaddyဆီက အထုတ်တွေ ကူသယ်လိုက်"

ခေါင်း​ညိတ်ပြရင်း ထိုသူ့လက်ထဲက အထုတ်တစ်ချို့ကို ကူသယ်တော့ ဘာမှတော့ ထပ်မပြော။
မျက်ခုံးနှစ်ဖက်ကတော့ အနည်းငယ်တွန့်ချိုးထားသည်။

သူများတွေနဲ့ ဖော်ရွေတတ်ပြီး မိုးငယ်နဲ့မှ ဘုကလန့်ဖြစ်နေသည်ကြောင့် သက်ပြင်းကိုသာချမိသည်။
Daddyဆိုသူနှင့် နဂိုတည်းက ဂျစ်ကန်ကန်နေတတ်သည့်သူ နောက်ပိုင်း.ဘယ်လိုနှစ်ပါးသွားရမည်နည်း။

Springحيث تعيش القصص. اكتشف الآن