အပိုင်း - ၁၀

Start from the beginning
                                    

တကယ်တော့ ဒီဟင်းတွေက ဘာမှ ကရိကထမများဘူး။ ဒါပေမယ့် ဒါတွေက သူ့ရဲ့အစ်ကိုကြီးလုပ်ပေးထားတာလို့ တွေးမိတာနဲ့ မခံစားရဘဲကို မနေဘူး။ လင်ယွမ်က တကယ့်ကမ္ဘာမှာရှိတဲ့ သူ့အစ်ကိုကြီးလိုပဲ ထင်ရှားကျော်ကြားဖို့ ကြီးပြင်းလာတဲ့ ဉာဏ်ကြီးရှင်မျိုးဖြစ်တယ်။

အခုက ၀တ္ထုကမ္ဘာထဲမှာရှိနေတာကြောင့်ဖြစ်နိုင်တယ် လင်ယွမ်ရဲ့ဇာတ်ကြောင်းက ပိုပြီးတော့တောင် ချဲ့ကားသေးတယ်။ ထပ်တလဲလဲအတန်းတွေကို ကျော်ချပြီးနောက်မှာ အသက်ဆယ့်ခြောက်နှစ်နဲ့တင် ကမ္ဘာထိပ်သီးတက္ကသိုလ်ကို ဝင်နိုင်ခဲ့တယ်။ ငါးနှစ်ကြာတော့ ထပ်ဆင့်ပါရဂူဘွဲ့နဲ့ ဘွဲ့ရခဲ့တယ်။

လင်မိသားစုမှာ မိသားစုပိုင် ကုမ္ပဏီရှိပေမယ့် လင်ယွမ်က တရုတ်ကိုပြန်ပြီး အစကနေ ခြေကုတ်ယူဖို့ ရွေးခြယ်ခဲ့တယ်။ နှစ်နှစ်အတွင်းမှာတင် သူက တရုတ်ရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းဆိုင်ရာမှာ လူသိများထင်ရှားသူတစ်ယောက် ဖြစ်လာတယ်။

တကယ့်အပြင်က လင်ရှန်းရဲ့အစ်ကိုကြီးကလည်း တော်သင့်သလောက်တော်ပါတယ်။ ဒါပေမယ့် လင်ယွမ်နဲ့ယှဉ်လိုက်ရင်တော့ မနှိုင်းသာသေးဘူး။ ဒါပေမယ့် သူ့အစ်ကိုကြီးက လက်တွေဆေးကြောပြီး စွပ်ပြုတ်ချက်ပေးတယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

သူက တချိန်လုံး အလုပ်များနေတာ။ စာလေ့လာရင်း အလုပ်များတယ်၊ သုတေသနတွေလုပ်ရင်း အလုပ်များတယ်။ နောက်ပိုင်း ဘွဲရပြီး လင်မိသားစုရဲ့ကုမ္ပဏီကို ဝင်လိုက်တဲ့အချိန်မှာ ကမ္ဘာပတ်ရင်းနဲ့ ပိုတောင်အလုပ်များသွားသေးတယ်။ [ T/N : တကယ့်အပြင်က အစ်ကိုပါ ]

ညီအတွက် ချက်ပေးဖို့မပြောနဲ့ လင်ရှန်းကို စကားလေးဘာလေးပြောဖို့တောင်မှ တချိန်လုံးရေးကြီးသုတ်ပြာဖြစ်နေတာ။

လင်ရှန်း ကလေးဘ၀တုန်းက သူ့အစ်ကိုကြီးကို လေးစားခဲ့တယ်။ မှတ်မိသေးတယ် သူဆယ့်ငါးနှစ်အရွယ်တုန်းက တိုက်တိုက်ဆိုင်ဆိုင် အထက်တန်းကျောင်းတက်ဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေရမယ့်နှစ်နဲ့ ကြုံခဲ့တယ်။ သူ့‌မွေးနေ့က အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲရလဒ်ထွက်ပြီး နောက်မှာ လာတော့မှာဖြစ်တယ်။ အဲ့အချိန်တုန်းက သူ့အစ်ကိုကြီးက သုတေသနတက္ကသိုလ်ကို ဝင်နေပြီဖြစ်ကာ ဘဏ္ဍာရေးလောကမှာ အံ့ဩစရာအကောင်းဆုံးလူတစ်ယောက်ဖြစ်အောင် သင်ယူနေပြီဖြစ်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now