သူတို့ချစ်သူဖြစ်​နေသည့် နှစ်ပတ်အတွင်း သူတို့အ​ကြောင်းအား မည်သူမှ မရိပ်မိခဲ့သလို၊ မည်သူမှလည်း သတိမထားမိခဲ့ကြ​ပေ။ အရင်နှင့်မတူတာဆိုလို့ ဝမ်ရိ​ပေါ်  ရိုက်ကွင်းသွားပြီး ပြန်လာလျှင် ​​ရှောင်းကျန့်က သွားကြိုတုန်းပဲဖြစ်သည်။

ဓါတ်ပုံကလည်း အရင်လိုရိုက်တုန်းပါပဲ။ သို့​ပေမယ့် ဓါတ်ပုံ​တွေထဲတွင် ကင်မရာသို့ကြည့်​နေသည့် ပုံ​တွေက ပိုများလာသည်။ ဝမ်ရိ​ပေါ်သည် ကင်မရာ​တောင် သူ့ချစ်သူ​လေးရိုက်​နေသည့် ကင်မရာကိုသာ ကြည့်သည်မို့ဖြစ်သည်။

​ရှောင်းကျန့် အကုန်ပြင်ဆင်ပြီး​ကြောင်း ဝမ်ရိ​ပေါ်ဆီ Messageပို့လိုက်​သည်နှင့် မိနစ်ပိုင်းသာကြာသည် ဝမ်ရိ​ပေါ် လာ​ခေါ်၏။

ထို့​နောက် ​ကျောင်းနား​ရောက်ခါနီး သစ်ပင်အကွယ်နားတွင် ရှောင်းကျန့်ကိုချ​ပေးခဲ့ကာ အလုပ်သွား​သည်။ ဖန်ရှင်းသည် ​​ကျောင်း၌သာ အမြဲကြို​​​စောင့်​နေတတ်သည်။​ ဝမ်ရိ​ပေါ်သည် ကျောင်း​ရှေ့ထိ ပို့​ပေးချင်​​​သော်လည်း ရှောင်းကျန့်က အပို့မခံဘဲ နည်းနည်းအလှမ်း​ဝေးသည့်နေရာမှာကတည်းက ဆင်းသွားတတ်သည်‌ကြောင့်ဖြစ်၏။

​ရှောင်းကျန့်စိတ်ပူသည်ကို ဝမ်ရိ​ပေါ်နားလည်​​​သော်လည်း မ​ကျေနပ်​ပေ။ ဤဇာတ်ကားပြီးသည်နှင့် သူ့ရဲ့Fan ​တွေကို​ ပြောဖို့လုပ်ထားသည်။

"မင်းသားရိ​ပေါ်တောင်​ရောက်ပြီပဲ။ အားနာလိုက်တာ မင်းသမီးကမ​ရောက်​သေးလို့ ခဏလောက်​စောင့်​ပေးပါ​နော်"

"....."

ဝမ်ရိ​​ပေါ် စိတ်ထဲကွက်သွားမိသည်။ တက်သစ်စ မင်းသမီးတစ်​ယောက်သည် စလာကတည်းက ဒီလိုအချိုးဆိုသည်ကိုတော့ ဝမ်ရိ​ပေါ်သ​ဘောမကျ။ သူ့ဘာသာသူ ဘာအခက်ခဲပဲရှိရှိ၊ မရှိရှိ အ​စောဆုံး​ရောက်​နေရမည်မှာ တက်သစ်စ သရုပ်​ဆောင်တစ်​ယောက်၏ စီနီယာအ​ပေါ် ​လေးစားမှုပဲ မဟုတ်လား?

ဝမ်ရိ​ပေါ် ပြန်ပြော​မ​နေတော့ဘဲ လွတ်​နေသည့်နေရာတွင် သွားထိုင်ကာ ဇာတ်ညွှန်းဖတ်​နေလိုက်​သည်။ ဟိုက်ခွမ်းသည် အဖက်လုပ်မခံလိုက်ရသည့် ဒါရိုက်တာကို အားနာပြုံး​လေးဖြင့်သာ ​​တောင်းပန်၍ ဝမ်ရိ​ပေါ်​နောက်လိုက်ရ​တော့သည်။

My Special Boyfriend [Complete]Where stories live. Discover now