"ဟုတ်ကဲ့ ကျွန်တော်ပြန်ယူလိုက်ပါ့မယ် တခြားဘာထပ်မှာဦးမလဲ"

"ဟုတ် မမှာတော့ပါဘူး အဲ့ဒါတွေဘဲယူခဲ့ပေးနော်"

"ဟုတ်ကဲ့ အဲ့ဒါဆိုကျွန်တော်ပြန်လိုက်ဦးမယ်နော်"

"ဟုတ်ကဲ့"

---

မျက်လုံးကိုဖွင့်လိုက်တော့ ခါးနားကနည်းနည်းနာနေသည်။
ဘေးဘီကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ မျက်နှာလေးအပ်ပြီးအိပ်ပျော်နေတဲ့နှင်း။
နှင်းကိုမြင်တော့ သူကိုယ်တိုင်တောင်မသိလိုက်ဘဲအလိုလို ပြုံးမိသည်။

'အိပ်နေပုံလေးက ကလေးလေးကျနေတာဘဲ'

နှင်းလည်းလှုပ်စိလှုပ်စိအသံတွေကြောင့်အိပ်ပျော်နေရာမှ နိုးလာ၏။
မင်းမြတ်များသတိရလာပြီလားလို့ကြည့်လိုက်တော့ သူကိုပြုံးပြီး ကြည့်နေတဲ့မင်းမြတ်။

"သတိ သတိ ရလာပြီလား"

"အင်း"

"ဘယ်လိုနေလဲဟင် သက်သာရဲ့လား"

"အင်း သက်သာပါတယ်"

"ခေါင်းတွေဘာတွေရောမူးသေးလား"

"မမူးဘူး သက်သာတယ်"

"ဆရာဝန်ခေါ်လိုက်မယ်နော် သတိရလာပြီဆိုတော့"

"ခနနေမှခေါ်ပါလားဟင်"

"ဘာလို့လဲ"

"အလွမ်းသယ်မလို့"

မင်းမြတ်လဲပြောပြီးရော နှင်းမျက်နှာလေးရဲခနဲဖြစ်သွားတာကို မင်းမြတ်သတိထားမိလိုက်သည်။
ရှက်သွားတာလေးကချစ်စရာ

မင်းမြတ်ရဲ့အပြောကြောင့် နှင်းရင်တွေတဒုန်းဒုန်းနဲ့ခုန်နေ၏။
အစကတည်းက သူ့အနားရောက်နေရင်အလိုလိုနေရင်း ရင်ခုန်နေပါတယ်ဆို ခုလိုကြီးပြောလိုက်တော့ဘယ်လိုလုပ်မလဲ။

"အာ ဘာတွေပြောနေတာလဲ"

"အတည်ပြောတာ မင်းနဲ့ခွဲနေရတာ 18 နာရီတောင်ရှိပြီကို လွမ်းတယ်"

"တကယ်သက်သာတာရောဟုတ်ရဲ့လား ကိုယ်တွေဘာတွေရောပူသေးလား"

နှင်းလည်းရှက်တာနဲ့ဘဲ စကားလမ်းကြောင်းလွှဲလိုက်ပြီး သူနဖူးလေးကိုလက်နဲ့ကိုယ်ပူမပူစမ်းကြည့်လိုက်သည်။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now