Chp(1) The Beta is a Beta

7.3K 978 22
                                    

Betaတစ်ယောက်က Betaတစ်ယောက်ပါပဲ။ သာမန်Betaတစ်ယောက်။

ကောင်းကင်မှာ အတောက်ပဆုံးကြယ် သို့မဟုတ် မီးရှုးမီးပန်းလည်း မဟုတ်သလို
ရေထဲက အလှဆုံးပူဖောင်းလေးလည်း မဟုတ်ပါဘူး။

Betaတစ်ယောက်က Betaတစ်ယောက်ပါပဲ။
သာမန်ဆန်တဲ့ Betaတစ်ယောက်သာသာ။

ခွန်အားကြီးမားတဲ့ Alphaတစ်ယောက် မဟုတ်သလို နူးညံ့ပြီး ချစ်စဖွယ်ကောင်းတဲ့ Omegaတစ်ယောက်လည်း မဟုတ်ပါဘူး။

Alphaနဲ့Omegaတွေက အင်ပါယာရဲ့စိန်ပွင့်တွေဖြစ်နေစဉ်မှာ Betaတွေကတော့ အုတ်ခဲအဆင့်သာသာပဲ....

သူတို့ ဝါဒဖြန့်ခြင်းမှာတော့ အင်ပါယာက ပြောတယ် :: "Betaတို့၊ ငါတို့က မင်းတို့ကို တကယ်ဂရုစိုက်ပါတယ်။ မင်းတို့ မရှိဘဲ ငါတို့ မနေနိုင်ပါဘူး.."

"အမှန်ပဲ" Beta တွေးလိုက်တယ်။ "မင်းတို့ Betaတွေ မရှိဘဲ ဘာမှမလုပ်နိုင်ဘူး။ ဒါပေမဲ့ အထူးသဖြင့် ငါတော့ မပါဘူး၊ Betaတွေက အုတ်ခဲကျောက်ခဲတွေပဲ....ဘယ်နေရာကို မဆို ရွှေ့လို့ရတယ်၊ ဘယ်နေရာပဲဖြစ်ဖြစ် လွှတ်ပစ်လို့လည်းရတယ်။ ဝမ်းနည်းစရာပဲမလား??"

Betaရဲ့မိသားစုက မထင်ရှားပေမဲ့ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ ပြိုင်ဘက်ကင်း အချက်တွေ ရှိတယ်။ သူ့မှာ Alpha အဖေနဲ့ Omegaအဖေရယ်၊ Alphaအစ်ကိုကြီးနှစ်ယောက်ရယ်နဲ့ Omegaညီမလေးတစ်ယောက် ရှိတယ်။

ပြီးတော့ သူအပါအဝင်ပေါ့ Betaတစ်ယောက်...

ကောင်းပြီ၊ သူသာ သူ့မိသားစုကို အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်လိုက်မယ်ဆိုရင် သူက 'ကောင်းကင်မှာတောက်ပနေတဲ့ အတောက်ပဆုံးကြယ်'လို့ တကယ် ထင်ရတယ်။
  
...ကောင်းတယ်၊ ဖြစ်နိုင်ပါတယ်လေ။

ဒါပေမဲ့ တစ်စုံတစ်ယောက်က မကြိုးစားကြည့်ဘဲနဲ့တောင် အရှုံးမပေးသင့်ပါဘူး။ ဒါကြောင့် ဒီBetaကလည်း  ရည်မှန်းချက်တစ်ခု ထားဖို့ သူ့ကိုယ်သူ ဆုံးဖြတ်လိုက်ပါတယ်။ အိပ်မက်တစ်ခု...

ပြီးတော့ သူ ဆုံးဖြတ်လိုက်တာကတော့ အင်ပါယာစစ်တပ်ထဲ ဝင်ရောက်ဖို့ပါပဲ။

Beta အိမ်ကထွက်သွားမယ့်နေ့မှာ Betaကို လိုက်လံပို့ဆောင်ဖို့ တစ်မိသားစုလုံး ရှားရှားပါးပါး အတူတူ စုဝေးနေကြလေရဲ့။

Betaတစ်ဦးမှာလည်း အိပ်မက်တွေ ရှိပါတယ် {ဘာသာပြန်} [completed]Where stories live. Discover now