🔸'Win(Rose)'ရဲ့စကားကြောင့် 'Bright'လဲကိုယ့်ကိုယ်ကို မလုံမလဲဖြစ်ကာ ပြောရမည့်စကားတွေတောင်ပျောက်ကုန်သည်။

🔸'Win(Rose)'လဲသဘောတကျပြုံးလျက် 'Bright'ကိုကြည့်ကာ

Win(Rose)-"အခု အမူးပြေသွားပြီမလား? မိတ်ဆက်ပါရစေ ကျွန်မနာမည် 'Rose'ပါ 'Nann'ရဲ့သူငယ်ချင်း မှတ်မိရဲ့လား"

🔸ပါးစပ်အဟောင်းသားနှင့်ငေးနေသည့် 'Nann'ကိုတံတောင်နှင့်တွတ်လိုက်တော့

Nann🔸"ဟုတ်တယ် သူက 'Nann'ရဲ့သူငယ်ချင်း 'W.အာ 'နှင်း'လို့ပြောတာ 'Nann'တို့ကျောင်းမှာတောင်တွေ့လိုက်သေးတယ်လေ"

Bright-"'Nann'ရဲ့သူငယ်ချင်းမှန်းP'သိပါတယ် ဒါပေမဲ့ 'Nann'ဒီကိုဘာလို့လာတာလဲဆိုတာတော့P'မသိဘူး"

Nann-"ဒီတိုင်းလာတာလေ လာလို့မရဘူးလား "

Bright-"Nann'ကအသက်ဘယ်နှနှစ်လဲပြော?"

Nann-"Nann က 18 ပြည့်သွားပြီလေ"

Bright-"ဘာကို 18 ပြည့်တာလဲ နောက်လ ၁၆ ရက်နေ့မှ ၁၇ နှစ်ပြည့်မဲ့ဟာကို ဒီညီမလေးကတော့"

Nann-"P'Bright ကလဲရယ် 'Nann'က 'နှင်း'ကိုလိုက်ပို့တဲ့ဟာကို"

Win(Rose)-"ဟုတ်ပါတယ် 'နှင်း'ပူဆာလို့သူလိုက်ပို့တာပါ"

Bright-"ဒါပေမဲ့အသက်မပြည့်တဲ့ကလေးကိုတော့မခေါ်လာသင့်ဘူးထင်တယ်နော်"

Nann-"တော်ကြပါတော့ 'Nann'လဲပြန်တော့မှာမို့ စကားမများကြနဲ့တော့ 'နှင်း'ရေလာ ပြန်ရအောင်"

🔸'Win(Rose)'လဲ 'Bright'လက်ကိုဆွဲယူကာဘေးလွယ်အိတ်အပြာကလေးတွင်ပါသော အဝတ်စပါးအဝါကလေးနှင့်ပတ်တီးစည်းပေးလိုက်သည်။

Bright-"ကျေးဇူးတင်ပါတယ် ပြီးတော့ခုနားက'နှင်း'မှန်း ကိုယ်သတိမထားမိခဲ့ပဲတွန်းမိတဲ့အတွက် တောင်းပန်တယ်"

Win(Rose)-"ရပါတယ် 'နှင်း'ဘာမှမဖြစ်ပါဘူး ဒီလက်ကိုသာ ဂရုစိုက်ပါနော်"

🔸'Win(Rose)' ၏စကားကြောင့် 'Bright'မျက်နှာထက်မသိမသာအပြုံးတစ်ပွင့်ချိတ်ဆွဲ၏

Bright-"ဟုတ် ကျွန်တော်မနက်ဖြန် ကန်တင်းကိုလာခဲ့မယ် 'နှင်း'ကိုတောင်းပန်တဲ့အနေနဲ့တစ်ခုခုဝယ်ကျွေးမလို့ပါ"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now