Bright🔸"P'နဲ့မိတ်ဆက်ပေးပါလား?"

Nann🔸"ရတာပေါ့ 'နှင်း'ရေ ဒါက P'Bright,P'Bright ဒါက 'Nann'ရဲ့သူငယ်ချင်း 'နှင်းဆီ'တဲ့"

Bright🔸"လှတယ်နော်နာမည်နဲ့လိုက်တယ်ဒါနဲ့ ကိုယ်တို့အရင်ကတွေ့ဖူးကြသေးလား ရင်းနှီးနေသလိုခံစားရလို့"
(🍀ရှင် ချီခဲ့တဲ့ကောင်ကလေးလေအော်)

Win(Rose)🔸"မမတွေ့ဖူးပါဘူး ဘယ်မှာတွေ့ဖူးလို့လဲ?"

Bright🔸"အဲ့လောက်ထိကြောက်နေရအောင် ကျွန်တော်ကိုက်စားမှာမို့လို့လား 'နှင်း'"

Win(Rose)🔸"အာ.."

'Win'လဲအနားမှာထိုင်နေသည့် 'Nann'ကိုတံတောင်နဲ့တွတ်ရင်း အကူအညီလှမ်းတောင်းလိုက်သည်။

Nann🔸"အမယ်...P'နော် 'Nann'ကျတော့ရော မလှတော့ဘူးလား?"

Bright🔸"Nann' ကိုတော့မှီတဲ့သူမရှိပါဘူးဗျာ 'Nann'လေးက ကျွန်တော်မျိုးတွေ့ဖူးသမျှထဲမှာ အလှဆုံးပါပဲဗျာ"

Nann🔸"ဒီလိုပဲဖြစ်ရမယ်လေ...ဟီး"

Bright🔸"P'ပြန်လိုက်ဦးမယ်နော် သွားစရာရှိသေးလို့"

Nann🔸"ဟုတ်ကဲ့ပါ P' ဆာဝါဒီခ🙏"

Win(Rose)🔸"ဆာဝါဒီခ🙏"

Bright🔸"ဒါဆို နောက်မှတွေ့မယ်နော် 'နှင်း'"

Win(Rose)🔸"ဟုတ် ဟုတ်ကဲ့ပါ"

'Win'လဲ 'Bright'ထွက်သွားပြီးတော့မှ လေပြင်းပြင်း တစ်ချက်မှုတ်ထုတ်လိုက်ပြီး

Win(Rose)🔸"ဟူး သူမမမှတ်မိလို့ တော်သေးတယ်"

Win(Rose)🔸"ဟိုလေ 'Nann' P'မေးစရာရှိလို့ မေးရမှာအားတော့နာတယ်"

Nann🔸"မေးပါP'ရဲ့ အားမနာပါနဲ့"

Win(Rose)🔸"P'Bright နဲ့ 'Nann'နဲ့က...ဟို"

Nann🔸"ချစ်သူတွေလားလို့မေးချင်တာမလား?"

Win(Rose)🔸"ဟုတ်တယ်"

Nann🔸"ချစ်သူတွေမဟုတ်ပါဘူးနော် P'Brightက 'Nann'ကိုတကယ်ကြိုက်တာမဟုတ်ပါဘူး သူကဘယ်လိုပြောရမလဲ အခုတလောခေတ်စားနေတဲ့ကောင်မလေးရှိရင် အဲ့ကောင်မလေးကိုရအောင်တွဲမယ် ပြီးရင်တခြားကောင်မလေးအသစ်ရောက်ရင် ထားခဲ့မယ်"

Win(Rose)🔸"P'Bright တော်တော်ဆိုးတာပဲ"

Nann🔸"လောလောဆယ် P'သာကိုယ့်ကိုယ်ကိုကာကွယ်ပါဦး"

♥မောင်ချစ်သော နှင်းဆီနှင့် ကျွန်တော်♥(Uni+Zawgyi)Where stories live. Discover now