သူမူ​နေခြင်းမ​ဟုတ်ပါ။ ကိုယ်သ​ဘောကျသည့်Idolတစ်​ယောက်သည် ကိုယ့်ကိုချစ်​ရေးဆိုသည်အား သူ့အ​နေနှင့်ငြင်းစရာ​ပင်မရှိ။

Idolကိုချစ်သည့်အချစ်နှင့် ဘဝလက်တွဲ​ဖော်ကို ချစ်သည့်အချစ်တူမည်လား? သူ​သေချာမသိ။

၇နာရီထိုးသည်ထိ ​ရှောင်းကျန့် မလှုပ်မယှက်စဥ်းစားခဲ့သည်။ အ​တွေး​ပေါင်းများစွာနှင့် အဆင့်ဆင့်​သောဆုံးဖြတ်ချက်များ၏နောက်ဆုံးတွင် အ​ဖြေရသွားခဲ့ပါ၏။

သူဝမ်ရိ​ပေါ်အား စ​တွေ့ကတည်းက Idolတစ်​ယောက်လို မဟုတ်ဘဲ လက်တွဲ​ဖော်တစ်​ယောက်ကို ချစ်သလိုချစ်မိခဲ့သတဲ့​။

Knock Knock~

တံခါး​​ခေါက်သံကြားမှ အသိစိတ်ပြန်ဝင်ကာ တံခါးသွားဖွင့်​ပေး​လိုက်ရသည်။

"ငါက မင်းအိပ်​ပျော်​နေ​သေးတယ်ထင်တာ"

"ဟင့်အင်း နိုး​နေတာကြာပြီ"

"အထုပ်တွေထည့်ပြီးပြီလား။ ဟိုက်ခွမ်း​ကောနဲ့ မင်းသားဝမ်ရိ​ပေါ်က အပြင်မှာစောင့်​နေပြီ"

"အဲဒါဆို သွားမယ်​လေ။ ငါအကုန်ပြင်ပြီးပြီ"

​ရှောင်းကျန့် အဆင်သင့်လုပ်ပြီးသား အိတ်​လေးအားယူလိုက်သည်။

"အာ... Shinn ငါဝင်စရာရှိ​သေးလို့ မင်းပြန်လိုက်ရင် လိုက်သွားမလား"

"ဘယ်သွားမလို့လဲ ငါမင်းနဲ့ပဲ လိုက်ခဲ့မယ်​လေ"

"မားနဲ့ပါးဆီသွားချင်လို့"

"ဟိုက်ခွမ်း​ကောကို​ အကျိုး​အကြောင်း​​ပြောကြတာ​ပေါ့"

"အင်း"

ထို့​​နောက်သူတို့နှစ်​ယောက် ကားဆီထွက်လာလိုက်သည်။ ဟိုက်ခွမ်း​ကောသည် ကားနားတွင်ရပ်​စောင့်​နေကာ ဝမ်ရိ​ပေါ်သည်ကား​ကို​မှီ၍ လက်​လေးပိုက်ရင်း​စောင့်​​နေ၏။

မတ်တပ်​ရပ်နေသည့်Styleကိုက ပစ်​ကြွေချင်စရာပင်။

"ဟို​လေ..ကျွန်တော်တို့ ဒီကအပြန်​ကို ဝင်စရာ​လေးရှိ​သေးလို့ မလိုက်ဖြစ်​လောက်​တော့ပါဘူး။​​​ ကောတို့ကိုလည်းအားနာလို့ပါ"

My Special Boyfriend [Complete]Where stories live. Discover now