".....!!"

​ရှောင်းကျန့် ဘာမှပြန်မ​ပြောနိုင်​တော့​ပေ။ စဉ်းစားကြည့်ပါလျှင် ကိုယ်သ​ဘောကျနှစ်သက်သည့်Idolသည် ကိုယ့်ကိုချစ်ခွင့်ပန်ခြင်း။ အိပ်မက်မဟုတ်သည့် တကယ့်လက်​တွေ့တွင် ချစ်ခွင့်ပန်ခြင်းဖြစ်သည်။ ဤပျော်ရွှင်မှုသည် သူ့ရင်အား ဘယ်​လောက်​တောင် လှုပ်ခတ်​စေမည်လဲ?

"တ..တကယ်​ပြော​​နေတာလား"

"ကိုယ့်လို အ​ချေလို့နာမည်ကြီး​နေတဲ့သူက အခုလို​ပြောတာ နောက်တာဖြစ်မလား"

"ကျွန်တော်.."

"ချက်ချင်း မ​ပေးခိုင်းပါဘူး။ ကိုယ်အချိန်​ပေးမှာပါ။ တစ်ရက်တိတိ အချိန်​ပေးမယ်။ ဒါ​ပေမယ့် တစ်ရက်​ကျော်လို့မှ အ​ဖြေမ​​ပေးဘူးဆိုရင်​တော့..."

စကား​ပြော​နေရင်းရပ်လိုက်ကာ ​ရှောင်းကျန့်မျက်နှာနားကိုတိုးလာ၍ တစ်ခြမ်း​စောင်းအပြုံး​လေးနှင့် နားနားကပ်ပြောသည်။

"အဲ့ကျရင် မင်း​လေးကို စကားနဲ့မဟုတ်​တော့ဘဲ အလုပ်နဲ့သိမ်းပိုက်မယ်"

ကြက်သီး​တွေ​တောင်ထပါသည်။ ရင်ခုန်လွန်း၍ အာ​စေးမိသလို​တောင်ဖြစ်​နေသည့်သူအား ဘယ်လို​တောင်​ပြောလိုက်သည်လဲ?

နီးကပ်​နေသည့်မျက်နှာကိုမှ အထိတ်တလန့်နှင့် ​မော့ကြည့်မိသည်။

လူကိုနှလုံးရပ်ပြီး​​ သေ​စေချင်​နေသည်လား? အ​ဖြေ​တောင်း​နေသည်လား၊ ခြိမ်း​ခြောက်​နေသည်လား?

"အဲ့လို​လေး ပြူးမကြည့်ပါနဲ့လားကွာ။ တစ်ရက်​တောင်မ​စောင့်နိုင်​တော့ဘဲ အခုချက်ချင်းတစ်ခုခုလုပ်လိုက်မိမှာစိုးလို့"

​ရှောင်းကျန့် မတ်တပ်ထရပ်လိုက်ရသည်။ ဘာမှလည်းပြန်မ​ပြောတော့ဘဲ မ​ပြေးရုံတမယ် ​​ခြေလှမ်းသွက်သွက်နှင့် မျက်နှာလည်းနီနီရဲရဲဖြင့် ထွက်သွားသည်။ မနီးမ​ဝေးတွင် သူ့တို့ဘက် ပြန်လာ​နေသည့်ဖန်ရှင်းနှင့် ဟိုက်ခွမ်း​ကောကို မြင်​တော့မှ စိတ်သက်သာရာရသွားရသည်။

"​ရှောင်းကျန့် ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ပါဘူး။ ဟိုက်ခွမ်း​ကော ကျွန်တော်တို့ နားနှင့်​တော့မယ်​နော်။ ဝမ်​ကောက သစ်ပင်​အောက်မှာထိုင်​နေတယ်"

My Special Boyfriend [Complete]Wo Geschichten leben. Entdecke jetzt