"အန်တီ့သားကို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်ကွယ်''

"ရပါတယ် မား... အဲမှားလို့ ရပါတယ် အန်တီ''

"လာလာ ခြေလက်ဆေးပြီးထမင်းလာစားကြ''

"ဟုတ်''

မကြာခင် မိသားစု ထမင်းဝိုင်းလေးစတင်ပါတော့တယ်

"သား Jaehyuk အားမနာနဲ့ များများထည့်စားနော်''

Sahi ရဲ့ မားက Jaehyuk က ပန်းကန်ထဲကို ဟိုဟာထည့်ပေးလိုက် ဒီဟာထည့်ပေးလိုက်နဲ့ဆိုတော့ Sahi နည်းနည်း အူတိုလာတယ်

"မားနော် မားရဲ့သားက ဒီမှာထိုင်နေတာလဲ ဘာလို့ သားကိုမထည့်ပေးပဲ သူ့ချည်းထည့်ပေးနေတာတုန်း''

"ဟာ ကောင်လေး မင်းလည်းများများစား ရော့ရော့ ''ဆိုပြီး ထည့်ပေးလိုက်တော့ မှာ Sahi လေး မျက်နှာလေးဆူပုတ်ဆူပုတ်နဲ့ သေချာ စားလေရဲ့

ညဘက်ရောက်တော့ Sahi အခန်းထဲမှာစာလုပ်နေတယ်

Jaehyuk လည်း ပျင်းတာနဲ့ စာကြည့်ခန်းမှာ စာအုပ်ရှာဖို့ထွက်လာခဲ့တယ်

ဒါပေမယ့် Sahi ရဲ့ မိဘတွေရှိတဲ့ အခန်းရှေ့ရောက်တော့ ရင်းနှီးနေတဲ့ စကားလုံး အချို့ကြောင့် သူ့ခြေလှမ်းတွေ ခဏရပ်သွားတယ်

Jaehyuk အနေနဲ့ ခိုးနားထောင်ဖို့ မရည်ရွယ်ခဲ့ပေမယ့်

"ပါးရေ ဟိုခုနက Yoon Jaehyuk ဆိုတဲ့ကောင်လေးကို ပါးသိတယ်မလား''

"သိတယ်လေ Sahi ရဲ့သူငယ်ချင်း မလား?''

"အဲ့တာပြောတာမဟုတ်ဘူး သူက ကျမတို့ ရှယ်ယာဝင်ထားတဲ့ LW entertainment ကနေကမ်းလှမ်းထားတဲ့ စာချုပ်ကို လက်မခံပဲ ရှောင်ပြေးနေတဲ့ ​တစ်ယောက်လေ''

"ဟေ... အဲ့တာသူလား''

"ဟုတ်တယ် သူသာ အဲ့စာချုပ် ကို လက်မခံရင် ကျမတို့ ရှယ်ယာတွေက သဲထဲရေသွန်ဖြစ်ပြီး LW က လည်း ဖျက်သိမ်းခံရမှာ''

"အဲ့တာက သူ့ရွေးချယ်မှုဆိုတော့ ငါတို့လည်း ဘယ်တတ်နိုင်ပါ့မလဲကွာ''

"ကျမတို့ ရှိတဲ့ပိုက်ဆံတွေ အကုန် အဲ့ ရှယ်ယာထဲထည့်ထားတာလေ ကျမတို့ ပိုက်ဆံမရှိတော့ရင် သားလေး Sahi ဖြစ်ချင်တဲ့ ဆရာဝန် အလုပ်ကို ဘယ်လိုထောက်ပံ့ပေးမှာလဲ ပြီးတော့ LW မှာ Sahi ကိုယ်တိုင် ရေးထားတဲ့ ဇာတ်ညွှန်းကို ရိုက်ခွင့်ရအောင်လုပ်ပေးမယ် ဆိုတဲ့ ကတိတွေကိုရော ဘယ်လိုလုပ်မှာလေ ရှင်ပြောလေ''

"အေး အဲ့ရှယ်ယာကို မင်းပဲ ထည့်ချင်ခဲ့တာလေ မင်းပဲ အဲ့အလုပ်ကတစ်ချက်တည်းပေါက်မှာ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ နားပူအောင် ပူဆာခဲ့တာ မင်းပဲ မဟုတ်လား''

အခန်း အ​ပြင်ကိုပေါက်ထွက်လာတဲ့ ကျယ်လောက်တဲ့ အသံတွေကြောင့် Sahi တစ်ယောက် စာလုပ်ရင်းတန်းလန်းနဲ့ အခန်းအပြင်ကိုထွက်လာခဲ့တယ်

Sahi စိတ်မကောင်းဖြစ်မှာဆိုးလို့ Jaehyuk ကပြေးပြီးတော့ Sahi ရဲ့ နားနှစ်ဖက်ကို သူရဲ့ လက်ကလေးတွေနဲ့ အုပ်ထားလိုက်တယ် ပြီးတော့ Sahi ကို အခန်းထဲ ပြန်ခေါ်သွားလိုက်တယ်

အခန်းထဲရောက်တော့

Sahi ရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စက်တွေက အပြည့်နေရာယူထားတယ်

"Sa. ..sahi. .''

To be continued. .............

### Extra Part###

"Jaehyuk. ...Yoon Jaehyuk ဒီနာမည်ကို ကြားဖူးသလိုပဲ''

Asahi ရဲ့ မားက အဲ့နာမည်ကို ခဏခဏရွတ်နေတော့ Jaehyuk က အနားကိုသွားပြီးတော့

"အန်တီကိုပြောပြမယ် ကျနော်နဲ့ ခဏလိုက်ခဲ့''

Jaehyuk က Sahi အခန်းထဲဝင်သွားပြီး
Sahi ရဲ့ ကုတင်အောက်မှာရှိတဲ့ official goods တွေကို ထုတ်ပြလိူက်တယ် အဲ့တော့မှ Sahiရဲ့ မားက

" အော် ဟုတ်သားပဲ သားက Sahi ရဲ့ Idol ကြီးပဲ Sahi သားကို စတွေ့တုန်းက သူအရမ်းပျော်နေမှာပါ သူ့ရဲ့ Idol ကို အပြင်မှာတွေ့ရလို့ဆိုပြီး''

"ဟီး...ဒါနဲ့လေ အန်တီ ဒီကိစ္စကို Sahi ကိုမပြောနဲ့နော် သူသိရင် ရှက်သွားလိမ့်မယ်''

"အေးပါ သားရယ် အန်တီမပြောဘူး စိတ်ချ''

:~~~~~~~~~~~~~~~~~~~~~~
Fact Check: Jaehyuk ကစားပွဲပေါ်က Sahi ရဲ့ ခဲတံတွေကို ဝင်တိုက်မိတော့ ခဲတံတွေက စားပွဲအောက်ကို လှိမ့်သွားတယ် အဲ့ဒီမှာ Box လေးတစ်ခုတွေ့တော့ ဖွင့်ကြည့်လိုက်မှ Sahi ရဲ့ ဥထားတဲ့ Official goods တွေကိုတွေ့သွားတာ

Jaehyuk တစ်ယောက် ပြုံးဖြီးနေမယ့် ရုပ်လေးကို မြင်ယောင်ကြည့်လိုက် Sahi က သူ့ fan ဆိုတာသိလို့ သူလေး အရမ်းပျော်နေရှာတာ

I treasure you 💙🔷

Teu-Bye 🇰🇷🇯🇵~~

Expected Unexpected Tempat cerita menjadi hidup. Temukan sekarang