"ဟုတ်''

သိပ်မကြာလိုက်ပါဘူး Sahi ရေခဲမုန့်လေးနှစ်ခုကိုင်ပြီးရောက်လာတယ်

"ရော့ ဒီမှာ''

"အကို့ ကို ကျတော့ Vanilla ပဲ ဝယ်လာပြီး Sahi ကျတော့ mint chocolate စားနေတယ် ဒါမတရားဘူးနော် ဟွန့်''

"မစားချင်လည်း နေပေါ့''

Jaehyuk ကရုတ်တရက်ဆိုသလို Sahi နှုတ်ခမ်းနားမှာပေနေတဲ့ ​​ရေခဲမုန့်ကို သူ့ရဲ့ နှုတ်ခမ်းလေးတွေနဲ့ အသာအယာထိပြီး မြည်းကြည့်လိုက်တယ်

"ဝါး Vanilla နဲ့ mint chocolate ရောစားရတာ အရသာရှိလိုက်တာ''

"ခင်...ခင်ဗျားကြီး ဒါဘာလုပ်တာလဲ လူမြင်ကွင်းကြီးမှာ''

"ဟီး ဟီး ဒါနဲ့ Sahi က အကို့ကို ဘာလို့ ခင်ဗျားကြီးလို့ခေါ်တာလဲ အကိုလို့တစ်ခေါက်လောက်ခေါ်ကြည့်ပါလား''

"ဟင့်အင်း မခေါ်ချင်ပါဘူး''

"လုပ်ပါ Sahi ရာ''

". ....အ....ကိ.....''

"ဟ Sahi နဲ့ Jaehyuk မင်းတို့ နှစ်ယောက်ကို ရှာရတာနှံနေတာပဲ ''

Doyoung နဲ့ Yedam ရောက်လာတယ်

" မင်းတို့ က ငါနဲ့ Doyoung နဲ့ကို လစ်ပြီးထွက်သွားတယ်ပေါ့လေ''

"အဲ့လို မဟုတ်ပါဘူးကွာ''

ညနေစောင်းတော့ အိမ်ကိုပြန်လာကြတယ်

အိမ်ရှေ့ရောက်တော့ Asahi တွေ့လိုက်ရတာ က အိမ်ထဲမှာ မီးလင်းနေတယ်

အဲ့တာဆိုသေချာတာက ပါးနဲ့မား ပြန်ရောက်နေပြီ

"Sahi မင်းပြန်ရောက်ပြီလား''

အိမ်ထဲကနေလှမ်းခေါ်နေတဲ့ Sahi ရဲ့ မား အသံကိုကြားလိုက်ရတော့ Sahi အရမ်းပျော်သွားတယ်

"မားကို လွမ်းနေတာ''

Sahi တစ်ယောက် ကလေးလေး လိုပဲ မားရဲ့ ရင်ခွင်ထဲကိုပြေးဝင်ပြီး ဖက်ထားလိုက်တယ်

"ဒါနဲ့ မားကို ပြောစရာရှိတယ် သူက သားနဲ့အတူတူလာနေပေးတဲ့ သားရဲ့သူငယ်ချင်း Yoon Jaehyuk ''

Asahi ရဲ့ မိဘတွေက လည်းကိုရီးယားလိုပြောတတ်ကြတယ် သူတို့က နိုင်ငံတကာနဲ့ အလုပ်လုပ်နေရတာဆိုတော့ ဘာသာစကားတွေကျွမ်းကျင်တော့ Jaehyuk နဲ့စကားပြောရတာအဆင်ပြေတာပေါ့

Expected Unexpected Where stories live. Discover now