"ဖုန်းနံပါတ်ကကျတော့မှတ်ပုံမတင်ရသေးတဲ့ဖုန်းဆိုတော့ ရှာမရသေးဘူး သူမောင်းသွားတဲ့ကားကလည်းလိုင်စင်အတုကြီးနဲ့ဆိုတော့နည်းနည်းကြာမယ် Boss"

"ဟာ ကျစ် ပိုက်ဆံဘယ်လောက်ကုန်ကုန်မြန်မြန်သာလုပ် သူတစ်ခုခုဖြစ်လို့မဖြစ်ဘူး"

"ဟုတ်ကဲ့ Boss"

"ငါမှာထားတာတွေရောလုပ်ပြီးပြီလား"

"ဟုတ်ကဲ့ အကုန်အဆင်သင့်ပါ"

"ပိုက်ဆံစုတာရော ဘယ်လောက်ရပြီလည်း"

"1 မီလီ တော့ ပြည့်တော့မယ် Boss"

ပိုက်ဆံကရှိပေမယ့် ချက်ချင်းကြီးကျတော့စုရတာမလွဲလှ။

"ရှယ်ယာတွေ ရောင်းလိုက်"

"Boss?"

"ရောင်းလိုက်ခုချိန်မှာ သူမကလွဲပြီးကျန်တာဘာမှအရေးမကြီးဘူး"

"ဟုတ်ကဲ့ Boss"

ဝဏတားချင်ပေမယ့် Boss ကိုယ်တိုင်ကသူပြောတာကို လက်ခံမှာမဟုတ်မှန်းသိနေ၍မတားဖြစ်။

မင်းမြတ်စီစဉ်ထားတာရှိပေမယ့်လည်း အရံအနေနဲ့တော့ ပိုက်ဆံကိုဖြည့်ထားရမယ်။ အခြေအနေက ဘာဖြစ်မှန်း မသိသေးတော့ အပိုအလိုအနေနဲ့ Plan B သဘောပေါ့။

'မင်းဘာမှမဖြစ်ရဘူးနော် ငါမင်းရအောင်ကယ်မယ်'

---

*Phone Ringing*

"ဘယ်လိုလဲ ပိုက်ဆံပြည့်ပြီလား"

"ပြည့်ပြီ လိပ်စာသာပို့တော့"

"Wow ဒီလောက်မြန်မြန်ကြီး မင်းမြတ်သူရိန်ပါဝါကတော့ ပေါ့သေးသေးမဟုတ်ဘူးဘဲ အဲ့ကောင်မလေးကိုအဲ့လောက်တောင်ချစ်တာလား"

"အခြားဟာတွေလျှောက်မပြောနေနဲ့ လိပ်စာသာမြန်မြန်ပေး"

"မင်းမြတ်သူရိန်ရဲ့အားနည်းချက်ဖြစ်တဲ့ ဒီကောင်မလေးကို လွှတ်တောင်မပေးချင်တော့ဘူး"

"ဘာ မင်း"

"ဟား ဟား နောက်တာပါ လိပ်စာပို့ပေးလိုက်မယ် မြန်မြန်သာ လာခဲ့ မင်းကောင်မလေးကကြောက်နေတဲ့ပုံဘဲ"

သူမလေးကြောက်‌နေတယ်တဲ့။မင်းမြတ်ရင်ဘက်ထဲ အောင့်ခနဲခံစားခံလိုက်ရသည်။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Место, где живут истории. Откройте их для себя