"အခြားဟာတွေလျှောက်‌ပြောမနေနဲ့ ပိုက်ဆံဘယ်လိုပေးရမလဲ"

"လိပ်စာပို့ပေးလိုက်မယ် ခင်ဗျားတစ်ယောက်တည်းလာခဲ့"

"ရတယ် လိပ်စာသာမြန်မြန်ပို့ပေး"

"အလျင်လိုလှချည်လား ဖြေးဖြေးပေါ့ဗျာ မြန်မြန်ဆန်ဆန်ကြီး ပြီးသွားရင်ပျင်းစရာကြီး ပြီးတော့ကောင်မလေးကလည်း လှလှလေးနော်"

"ဘာ! မင်း!"

"တီ တီ"

"ဟယ်လို ဟယ်လို
ဟာ တောက်!!!"

မင်းမြတ်ရဲ့ဒေါသတွေကထိပ်ဆုံးဒီဂရီ၌။
ဖုန်းကိုထပ်ခေါ်တော့မကိုင်တော့။

သူမလေးဘာမှဖြစ်လို့မရဘူး သူမလေးတစ်ခုခုဖြစ်ရင် သူ ရင်ကျိုးရလိမ့်မယ်

'မင်းဘာမှမဖြစ်ရဘူးနော် နှင်း'

_____/\_______/\_______

သူမသတိရလာပြီး ဘေးဘီကိုကြည့်လိုက်တော့ ဂိုထောင်လိုမျိုးနေရာကြီးတစ်ခုထဲသို့ရောက်နေ၏။
ခေါင်းကလည်းတဆစ်ဆစ်ကိုက်နေသည်။

"သတိရလာပြီလား"

အသံလာရာကိုကြည့်လိုက်တော့ ယောက်ျားတစ်ယောက် ရုပ်ကိုတော့သေချာမမြင်ရ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထား၏။

"ရှင် ဘယ်သူလဲ ဘာလို့ကျွန်မကိုဖမ်းထားတာလဲ"

"ဖြေးဖြေးမေးပါ မောနေဦးမယ်"

"ကျွန်မေးတာဘဲဖြေပါ ဘာလို့ကျွန်မကိုဖမ်းထားတာလဲ"

"မဖြေချင်ဘူး မကြာခင်မင်းကိုလာခေါ်တော့မှာ စိတ်မပူပါနဲ့ ငါလည်းမင်းကိုအကြားကြီးဖမ်းမထားချင်ပါဘူး"

လာခေါ်တော့မယ်ဆိုတဲ့စကားကြောင့် နှင်းဘာမှထပ်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ တော်ကြာစကားမှားပြောပြီး စိတ်တိုသွားခါမှမပြန်ရဘဲနေလိမ့်မည်။

'မြန်မြန်လာပါတော့မင်းမြတ် ကျွန်မကြောက်တယ်'

---

"နှင်း နှင်း"

မင်းမြတ်ကားထဲမှာအိပ်ပျော်သွားပြီး အိမ်မက်ဆိုးတွေမက်ကာထအော်နေခြင်းဖြစ်၏။

"Boss အဆင်ပြေရဲ့လား"

"အင်း ပြေတယ် နေရာရှာတာရောဘယ်လိုလဲ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now