Suho,Lay: ဖြည်းဖြည်းအော်ပါကွာ

Xiu: မင်းတို့ဘဲ မပါချင်ဘူးဆိုလို့ ကလေးတွေကို ထည့်မလို့လေ

Suho: မထည့်ရသေးဘူးမလား ငါတို့ပါမယ် အမြန်သွားပြင် ဇာတ်ကောင်နေရာ

Xiu: ဘာလဲဟ

Lay: Pali pali...

Chen: ရပြီ ပြင်ပြီးပြီ

Lay: ဒီလိုမှာပေါ့ ဟား ဟား

Xiu: နေပါဦး ဘာလို့အသည်းအသန် ဖြစ်နေကြတာလဲ

Suho: ငါ့ရဲ့ အချောအလှလေး ပါမှာလေ

Lay: ငါ့ pink princess လေးရောပဲ

Chen,Xiu: နှာဘူးတွေ

Chen: မင်းတို့အဲ့လောက် ဖြစ်နေတဲ့ ကောင်မလေးတွေ ငါတို့လည်း တွေ့ချင်တယ်

Xiu: အေး တစ်ခေါက်လောက် ပြစမ်းပါဟ

Suho: မပြနိုင်ပါဘူး မင်းတို့ကြွေသွား ရင်ဘယ်လိုလုပ်မလဲ

Lay: maja ငါတို့အဖြေရပြီးမှ မင်းတို့နဲ့ မိတ်ဆက်ပေးမယ်

Chen: မပူပါနဲ့ ငါတို့နဲ့မင်းတို့နဲ့ style မတူပါဘူး

Xiu: ဖွင့်တောင်မပြောရသေးဘဲ အဖြေတွေဘာတွေလုပ်နေတယ်

Suho,Lay: အေးဆေးပေါ့ကွာ

Baek: ဟဲ့ နင်တို့နှစ်ကောင် Suho oppa တို့နဲ့ဘယ်လိုသိသွားတာလဲ

Yeol: အမယ်လေး oppa တွေဘာတွေ လုပ်နေသေး

Kris: ဘယ်လိုသိသိပေါ့

Tao: နင်တို့ အိမ်သာရှေ့ ဘာဖြစ်ကြတာလဲ

Kris: ဒီလိုပါပဲ

Yeol: သြော်..မြင်တဲ့အတိုင်းပေါ့ကွယ်

Baek: သူတို့က နင်တို့ကို မသိဘူးလား

Yeol,Kris: လုံးဝကိုမရိပ်မိတာ နင်တို့ကျေးဇူးကြောင့်လေ

Tao: ဒါတော့မဖြစ်ဘူး သွားပြောပြမှ ဖြစ်မယ် Lay oppa ကို လွဲကုန်တော့မှာပဲ

Kris: လွဲနေပြီပဲဟယ် ထားလိုက်ပါ ပြောလိုက်တော့ ငါတို့က ပွဲထဲမပါရုံပေါ့

Baek: ဘာဆိုင်လို့လဲ

Yeol: ငါတို့ကို အခြောက်လုပ်ပြီး ပါမှန်းသိမှတော့ ရှက်စရာကြီး မလုပ်တော့ဘူး

⭐Misses *Season-2⭐Where stories live. Discover now