Let's leave the dark green page

Start from the beginning
                                    

"ဒါ..."

"မောင်မိုးရေ ပြန်လာပြီလား"

"ဟုတ် အန်တီမေ။ မေမေက အန်တီမေ့ဖို့ လက်ဆောင်တွေ ထည့်ပေးလိုက်တယ်။"

မေမေ့အသံ ကြားသည်နှင့် ရေထဲလွှတ်လိုက်သော ငါးပမာ မောင်မိုးက ပျော်ရွှင်မြူးတူးစွာပင် ပြေးသွားသည်။ ဆက်မေးချင်တာတွေ ရှိသေးသော်လည်း ပြန်လည် မျိုသိပ်ကာ ပန်းကိုသာ ဆက်သီနေလိုက်၏။

"သားရေ။ ဒီမှာ ဖေဖေ ဖုန်းဆက်တယ်။"

ဗန်းခုံးကို ခုံပေါ်သို့ တင်လိုက်စဉ်မှာပင် နောက်နားမှ မေမေက ဖုန်းကိုင်ကာ ရောက်လာသည်။

"ဟယ်လို ဖေဖေ"

"အေး သားရေ။ အားလုံး အဆင်ပြေတယ်။ ဖေဖေ သား ကျောင်းတက်ဖို့ အားလုံး ပြင်ဆင်ပြီးသွားပြီ။ နောက်နှစ်တော့ ငါ့သား ဘွဲ့ယူတဲ့နောက် ဖေဖေတို့လိုက်ရတော့မှာပဲ။"

၀မ်းသာအားရ ပြောနေသော ဖေဖေ့အသံကြားတော့ သူ ကျောင်းပြန်တက်ဖို့ ဖေဖေ ဘယ်လောက်အထိ မျှော်လင့်နေခဲ့တယ်ဆိုတာ ရင်ထဲမှ ခံစားမိသွား၏။

"ဟုတ်ကဲ့ ဖေဖေ။ ကျေးဇူးအများကြီးတင်ပါတယ်။"

ဖုန်းကို ချကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်တော့ မေမေက မော့ကြည့်သည်။

"မေမေ ပန်းကပ်လို့ ရပြီ"

မေမေက ကမ်းပေးသော ပန်းကုံးများကို ယူပြီးသော်လည်း သောင်ယံ့မျက်နှာကို ဆက်ကြည့်နေဆဲ။

"သားလေး။ သား ဖေဖေက သားအပေါ်မှာ အရမ်း မျှော်လင့်လွန်းလို့ အခုလိုတွေ ဖြစ်ရတာပါ သားရယ်။ သားက ဖေဖေနဲ့ မေမေကို မတွေ့ချင်တော့ဘူးလို့ ပြောတော့ မင်းဖေဖေကလေ တစ်ပတ်လုံးလုံး ထမင်းကောင်းကောင်းတောင် မစားနိုင်ဘဲ သူ့ကိုယ်သူ အပြစ်တင်နေခဲ့တာ။"

"သား အများကြီး မိုက်မဲခဲ့တဲ့အတွက် တောင်းပန်ပါတယ် မေမေ"

မေမေက ဒီလို စကားကျတော့လည်း ကြားချင်ဟန် မတူ။ သောင်ယံ ဘာပြောရမည်တဲ့လဲ။ ဒီလိုဖြစ်ဖို့ ဖေဖေကိုယ်တိုင် တွန်းပို့ခဲ့သည် မဟုတ်ပါလား။

"သားလေး ကိုလတ်အပေါ်မှာရော အရင်လိုပဲလား"

ထိုသို့ မေးလိုက်တော့ ဆုပ်ကိုင်ထားသော မေမေ့လက်ကို လွှတ်ကာ အလိုလို ကျောခိုင်းမိလိုက်သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now