" ကျွန်တော်တို့ ပရော့ဂျက်က အားလုံးရဲ့အကြိုက်တွေ့မှုရရှိတဲ့အပြင် ထပ်ပြီး ရင်းနှီးမြှုပ်နှံလိုသူတွေလဲ ရှိလာတယ် … ထပ်ပြီးတိုးချဲ့သင့်တယ်လို့ထင်ပါတယ် "

" အင်း … မင်းသဘောအတိုင်းပါပဲ "

" ကျွန်တော်တို့ရဲ့ ပြိုင်ဘက် ချန်းတို့ရဲ့လှုပ်ရှားမှုက ဒီတလောငြိမ်သက်နေပေမဲ့ သတိလက်လွတ်နေလို့မဖြစ်ပါဘူး … Boss အနေနဲ့ ချန်းယောင်းကိုအရမ်းကြီး မျက်ကွယ်မပြုထားသင့်ဘူး "

" ကိုယ်သူ့ကို နှုတ်ထွက်ခိုင်းလိုက်ရမလား "

" မဟုတ်ဘူးလေ … အဲ့လိုတိုက်ရိုက်ကြီးသွားပြောလို့မဖြစ်ဘူး … ရန်သူကိုအနားမှာထားတာက သူ့တို့ကိုမျက်ခြေမပျက်စောင့်ကြည့်ဖို့အခွင့်ရတယ် … မဟုတ်ရင် သူတို့ဘာလုပ်မလဲ ကျွန်တော်တို့လုံးဝမသိနိုင်တော့ဘူး "

" ဒါဆိုလဲ မင်းပဲစီစဉ်လိုက် "

" လုပ်ငန်းတွေအကြောင်းကတော့ ဒီလောက်ပါပဲ "

" ဒါဆိုလဲ မင်းနဲ့ကို့ရဲ့အကြောင်းကိုဆက်ကြတာပေါ့ "

ဖန်းဂူက နာရီလက်တံကို စက္ကန့်မနားစိုက်ကြည့်နေတယ် … သူ့ရဲ့အတွေးတွေကို အလုပ်အပေါ် အာရုံစူးစိုက်ပုံမပေါ်ဘူး … မင်းယွီပြောသမျှတွေကိုဖြေကြားနေပေမဲ့ သူ့အာရုံထဲမှာတော့ အရာတစ်ခုသာကိန်းအောင်းနေတယ် … ထိုအရာကတော့ မင်းယွီကိုသူတရားဝင်ပိုင်ဆိုင်နိုင်မဲ့ 15 မိနစ်ဆိုတဲ့အချိန်ကာလလေးတစ်ခုကိုသာ …

ဖန်းဂူကရုတ်တရပ် သူ့ဘေးက မင်းယွီအားဆွဲလိုက်ပြီး စားပွဲပေါ်တွန်းလှဲလိုက်တယ် … ရုတ်တရပ်မို့မင်းယွီကြောင်သွားပေမဲ့ နေ့တစ်ဝက်ရဲ့ပိုင်ဆိုင်ချိန် ၁၅ မိနစ်အချိန်သို့ရောက်ပြီမို့ ဘာမှမပြောတော့ပဲ ပြုံးလိုက်မိတယ် …

" Boss ဒီရက်တွေမှာ အလုပ်ကြောင့်ပင်ပန်းနေမှန်းကျွန်တော်နားလည်ပါတယ် … ဒါပေမဲ့ ညဘက်တွေမှာကျွန်တော်တို့အတူရှိနေတာပဲ … အလုပ်အချိန်ကိုတော့ နားခွင့်မပေးတော့ဘူးလား "

ဖန်းဂူကနည်းနည်းလေးမှ ခွင့်ပေးမည့်ပုံမပေါ် … သူ့ရဲ့ဟော်မုန်းရနံ့တွေက မင်းယွီကိုယ်ပေါ်လွှမ်းခြုံစေပြီး ရုန်းထွက်ရန်ခွင့်မပေးချေ … မင်းယွီကိုယ်လေးကဖန်းဂူလက်အောက်မှာငြိမ်သက်နေပြီး ပြုံးနေပေမဲ့ ဒီရက်တွေမှာ မင်းယွီလဲ ဖန်းဂူနည်းတူ အလုပ်တွေကြောင့် ပန်ပန်းနေခဲ့ရတယ် … သူ့ရဲ့ညိုနေတဲ့မျက်ဝန်းလေးကသက်သေ … ဒါကြောင့်မို့ ဖန်းဂူ ဆက်ပြီးမရူးမိုက်ချင်တော့၍ မင်းယွီရဲ့ပင်ပန်နေတဲ့ကိုယ်လေးကို ချုပ်မထားတော့ပဲ ဆွဲပွေ့ကာ သူ့ရဲ့ပေါင်ပေါ်ထိုင်စေလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now