အမှောင်ဂိုဏ်းသားတွေဖြစ်တဲ့အတွက် သူတို့မှာ နူးညံ့တဲ့နှလုံးသားရှိသော်လဲ သူတို့အသံနဲ့ပုံစံတွေက ကြမ်းရှနေ၍ သခင်လေးဖြစ်သူလုယီလေသာမပါနေရင် ဓားပြလာတိုက်သည့်အဖွဲ့ဟုပင် ထင်နိုင်တယ် … ရှောက်ချို့က ဝန်ထမ်းမလေးတစ်ဦးထံသွားကာ သခင်ကြီးတို့ရုံးခန်းရှိရာကိုမေးလိုက်တော့ သူမက ကြောက်ရွံ့တုန်လှုပ်သောလေသံဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ် … လုယီလေးက သူတို့အားငေးကြည့်နေပြီး စိတ်မရှည်စွာ ရှောက်ချို့ထံလျှောက်သွားကာ အင်္ကျိစအားဆွဲလိုက်တယ် …

" သခင်လေး ဘာလိုအပ်တာရှိသေးလို့လဲ "

" Yiyi မေးမယ် … ဦးဦးဖယ် "

လုယီလေးကိုမြင်တော့မှမှ ဝန်ထမ်းမလေးမှာ သက်ပြင်းချနိုင်တော့တယ် …

" သခင်လေး … ကျွန်မတောင်းပန်ပါတယ် … သခင်လေးတို့မှန်းမသိလို့ပါ  "

" ကျဲယ်ကျဲ ( မမ ) ဒယ်ဒီနဲ့ပါပါးဘယ်မှာရှိယဲ … YiYiကိုပြောပြပါယား "

သူမက လုယီလေးရဲ့ချစ်စရာအသံလေးကိုနားထောင်ပြီးနောက် ပြန်ဖြေလာခဲ့တယ် …

" သခင်လေးပြောတာ ရှန်သခင်ကြီးကိုလားရှင့် … ၄ လွှာရဲ့ သခင်ကြီးရုံးခန်းမှာ ရှိပါတယ်ရှင့် "

" ဟုတ် … YiYi ကိုလိုက်ပို့ပေး "

" ဟုတ်ကဲ့ပါရှင့် … သခင်လေးကြွပါ "

လူဆိုးကြီးတွေမှာ သခင်လေးအား အံ့အားသင့်စွာကြည့်နေမိတယ် … အမှောင်မှာနေလာသူတွေဖြစ်တဲ့အတွက် အလင်းလောကနဲ့နေသားမကျ၍ သူတို့ရဲ့လေသံဟာလဲ မာထန်နေတယ် … သခင်လေးသာမေးမကူလျှင် သူတို့ကြောင့် လူတွေပြေးထွက်ကုန်မှာအမှန်ပင် … ခုတော့အရာအားလုံး အဆင်ပြေသွားလေပြီ … ၄လွှာက ရှန်ဖန်းဂူရုံးခန်းထံသို့ သူမကဦးဆောင်ကာ ခေါ်သွားလေတော့တယ် … တစ်ဖက်တွင်တော့ …

ရှန်ဖန်းဂူဟာ ခုံပေါ်၌ အမိန့်သားထိုင်နေပြီး လက်တစ်ဖက်က အနက်ရောင်ဘောပင်တစ်ချောင်းအား လှည့်ကစားနေကာ ကျန်တစ်ဖက်မှာရှိနေတဲ့လက်ပတ်နာရီပေါ်၌ သူ့ရဲ့အကြည့်တွေကမြဲမံနေတယ် … မင်းယွီကတော့အတွင်းရေးမှူးတစ်ယောက်ရဲ့တာဝန်အတိုင်း စာရွက်စာတန်းတွေကိုကိုင်ဆောင်လျှက် ဖန်ဂူဘေး၌ရပ်ကာ တစ်နေ့သာလုပ်ငန်းတာဝန်တွေနဲ့ပရော့ဂျက်တွေအကြောင်း တည်ငြိမ်စွာပင် တင်ပြနေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now