"အားရင် ငါ့အိမ် ခဏလောက်လာခဲ့''
"ဟမ် ဘာ.ဖြစ်..''
"တီ..............တီ................''
Asahi တစ်ယောက် ယိုင်တိယိုင်တိုင်နဲ့ သတိလစ်နေတဲ့သူကို အိမ်ထဲ ထမ်းခေါ်လာလေရဲ့
နဂို ထဲက workout လုပ်ရမှာပျင်းတဲ့ Asahi တစ်ယောက် အခုချိန်မှာတော့ ဟောဟဲဟောဟဲနဲ့ အမောဆိုက်နေလေရဲ့
Doyoung တစ်ယောက် အသည်းအသန်နဲ့ အိမ်ထဲကို ပြေးဝင်လာခဲ့တယ်
"Asahi မင်း အဆင်ပြေရဲ့လား ပြစမ်း ဘယ်နားထိသွားသေးလဲ''
"ရေ..ရေ''
"အေးအေး''
Doyoung လေးတစ်ယောက် ရေအပြေးအလွှားသွားခပ်ပြီး Asahi ကိုပြုစုပေးနေရတယ်
"အမလေး အခုမှပဲ အဆင်ပြေသွားတော့တယ်''
"Asahi သူကဘယ်သူလဲ''
"ငါလည်းမသိဘူး''
"ဟင် မင်းလည်းမသိပဲ ဘာလို့အိမ်ထဲခေါ်လာရတာတုန်းဟ''
"သူ သတိလစ်နေတာနဲ့ ငါလည်းခေါ်လာခဲ့တယ ဒါနဲ့ သူ့ကို သေချာ ကြည့်ကြည့်တော့မှာ ငါနေ့လည်က ဘတ်စ်ကား ဂိတ်မှာ တွေ့ခဲ့တဲ့သူနဲ့ တူသလိုပဲ''
"ဘာ ဘတ်စ်ကား ဂိတ်ဟုတ်လား အဲ့တာဆို ခါးပိုက်နှိုက်များလား မသိဘူး''
"မသိဘူးလေ''
"Asahi မင်းကတော့ကွာ လူတွေကို ယုံလွယ်လွန်းတယ် မှန်းစမ်း ငါကြည့်ကြည့်ရအောင် သူဘယ်သူလဲဆိုတာ''
Doyoung က ထိုသူရဲ့ ခေါင်းပေါ်က Hoodie ကို ဖယ်ကြည့်လိုက်တဲ့ အခါ
Asahi ကော Doyoung ကော တစ်ခဏတာငြိမ်သက်သွား ကြတယ်
"H a m a d a A s a h i မင်းအခုဘာလုပ်လိုက်တာလဲ''
Doyoung တစ်ယောက် ထိတ်လန့်နေတဲ့ အသံနဲ့
"ငါ..ငါ..လည်း..မသိ...''
"Asahi မင်းဘာလို့ သူ့ကို ပြန်ပေးဆွဲလာတာလဲ သူက worldwide idol တစ်ယောက်နော်''
Asahi နဲ့ Doyoung သူတို့ မျက်စိရှေ့မှာမြင်နေရတာကို မယုံနိုင်ကြဘူး
ဘာလို့ လဲဆိုတော့ Hoddie ဝတ်ထားတဲ့ လူထူဆန်းကြီးက တစ်ခြားသူမဟုတ် Yoon Jaehyuk ဖြစ်နေလို့ပဲလေ
YOU ARE READING
Expected Unexpected
Teen FictionIdol တစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်သလို Idol တစ်ယောက်နဲ့ ဖြစ်ဖို့ဆိုတာလည်း ခက်ခဲနေပြန်ပါပြီ Doctor Asahi လေးနဲ့ Idol Jaehyuk ဘယ်လိုတွေရိုမလဲဆိုတာ Jaesahi fanfic လေးပါ~~
