Chapter-110 ( 🌚🌚🌚 )

Start from the beginning
                                    

လုယီလေးဟာ အဖိုးကူးမန်စကားအားနားမဝင် ... သူ့အားအနည်းငယ်မျှသာကြည့်ပြီး ဘာမှမဆိုလာတဲ့ သခင်ကြီးအား စိုက်ကြည့်လိုက်ပြီး သူ့အားဖော်ရွေစွာခေါ်နေသည့် နောက်ထပ်သခင်ကြီးကို လှည့်ကြည့်လိုက်တယ် ... ကလေးငယ်တစ်ယောက်ဟာ ပုံမှန်ဆို သူတို့ကိုပိုပြီးအလေးပေးကာအာရုံစိုက်သည့် လူတွေကိုသာ ရွေးချယ်တတ်ကြတယ် ... ခု လုယီလေးကတော့ ရှန်ဟွှာရန်းပေါ်ကမဆင်းသည့်အပြင် သူ့အားအေးဆက်ဆက်နိုင်သည့် အဘေးဖြစ်သူရဲ့ပခုံးအားပွေ့ဖက်လိုက်လေတော့တယ် ...

" ...... "

လုယီလေးရဲ့ပုံစံက ဖန်းဂူငယ်စဉ်ကနဲ့တူနေ၍ သခင်ကြီးဟွှာရန်းနဲ့ ကူမန်တို့ တစ်ယောက်ကိုတစ်ယောက် အကြည့်စုံကာ တိတ်ဆိတ်သွားလေတယ် ... ကလေးရဲ့အသိထဲမှာ သူတို့ကိုပိုလိုချင်တဲ့သူထက် ပုံမှန်သာနေပြီး အာရုံမစိုက်တဲ့သူကိုသာ ရွေးချယ်ချင်နေပုံရတယ် ... ဒါက သူ့ကြောင့် တစ်စုံတစ်ယောက် ပျော်ရွှင်စေဖို့စိတ်အားထက်သန်နေခြင်းပင် ...

" အဖေ မြေးလေးကတော့ ဖန်းဂူနဲ့တစ်ပုံစံထဲပဲ ... လူတွေသူ့ကြောင့်ပျော်ရွှင်မှာကို လိုချင်နေပုံပဲ "

" အင်း ... သူတို့ကတစ်ပုံစံထည်းပဲ "

ဖန်းဂူငယ်စဉ်ကလဲ အေးဆက်သည့် သူ့အဖိုးအား အဖေထက်ပိုခင်သွယ်ပြီး အဖို့ရဲ့အပြုံးတွေကို မြင်ရဖို့ကြိုးစားတတ်တယ် ... အဖွားမဆုံးသွားခင်အချိန်ထိ ဖန်းဂူ အဖိုးအပေါ်ဆက်ဆံပုံက ဖခင်ထက်ပင် သာလွန်ကာ ကပ်သွယ်နေတတ်တယ် ... ရှန်ကူးမန်က သားတုန်းကရော ခုမြေအလှည့်ပါ သူကအပယ်ခံလို ဖြစ်နေတော့ ခံစားရပေမဲ့ အဖေဖြစ်သူနဲ့မြေးဖြစ်သူရဲ့ပျော်ရွှင်နေပုံကိုမြင်ရတော့ သူ့ရဲ့စိတ်တွေက အရာအားလုံးကို ခွင့်လွှတ်နားလည်ဖို့အသင့်ပါပဲ ...

" ဘဘ YiYi နဲ့ကစားချင်လား "

လုယီလေးရဲ့စကားကြောင့် ရှန်ဟွှာရန်းကဆက်ပြီးငြိမ်မနေနိုင်တော့ပဲ ကျေနပ်အားရစွာပြန်ဖြေလိုက်တယ် ...

" ကောင်းပြီကွာ ... မင်းနဲ့ဘယ်လိုကစားရမှာလဲ ဘဘကိုပြောပါအုံး "

ထိုအခါ လုယီလေးက စဉ်းစားလိုက်ပြီး အတွေးရသွားပုံပင် ... သခင်ကြီးပေါ်ကနေ ဆင်းလိုက်ပြီး ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now