"ကော်ဖီဆို ဂျာဗာ။ ကော်ဖီဆို ဂျာဗာ။ ကော်ဖီဆို ဂျာ...ဗာ...။"

"ဟော ဘီးပေါက်တာလား သူငယ်ချင်း"

စိတ်တိုတိုဖြင့် စက်ဘီးကို တွန်းကာ လျှောက်လာစဉ်မှာပင် သောင်ယံ့ အနားသို့ စက်ဘီးတစ်စီးက ကျွီခနဲ ဘရိတ်အုပ်ကာ ရပ်လိုက်သလို မေးသံလည်း ထွက်လာခဲ့သည်။

"ကိုမြတ် သွားနှင့်။ သား သူနဲ့ ပြန်ခဲ့မယ်။"

ဘေးအိမ်မှ ထိုကောင်လေးက သူ့အစ်ကိုကို လွယ်အိတ်တွေ ပေးလိုက်ပြီးနောက် စွန်တစ်ခုနှင့် သောင်ယံ့ ဘေးနားသို့ လျှောက်လာသည်။

"မင်းတစ်ယောက်တည်း ပြန်ရမှာ မလား။ ငါ အတူတူ လိုက်ပေးမယ်လေ။"

"ကျေးဇူးပဲ"

တစ်ယောက်တည်း မပြန်ချင် ဖြစ်နေတုန်း ရောက်လာသဖြင့် ခပ်တိုးတိုး ဆိုလိုက်တော့ မျက်လုံးတွေ ပိတ်အောင် ရယ်ပြသည်။

"နာမည် ဘယ်လိုခေါ်လဲ"

"သောင်ယံဦး"

"‌ဪ ငါ့နာမည်က လွမ်းလတ်နောင်။ ကိုလတ်လို့ ခေါ်လို့ရတယ်။"

"ကိုလတ်"

"အင်း။ လွမ်းလတ်နောင်လို့ မခေါ်နဲ့။ ကိုလတ်လို့ ခေါ်မှ ရင်းနှီးတယ်လို့ ငါက ခံစားရတာ။ ကိုကြီးနာမည်က ကိုမြတ် ငါက ကိုလတ်လေ။ မင်းက ငါတို့အိမ်ဘေးမှာ နေတာမလား။"

"ဟုတ်တယ်"

"နောက်နေ့ကျ ကျောင်း အတူတူ သွားရအောင်။ ဝူး...ဝူး...ဝူး"

သူ့ဘာသူ အဆိုပြု၊ သူ့ဘာသူ ထောက်ခံရင်း စက္ကူစွန်လေးအားလည်း လေထဲသို့ ပစ်လွှတ်လိုက်သေးသည်။ မာနကြီးသည် ထင်ခဲ့သော်လည်း ခုကျ သဘောကောင်းသည်ဟု စိတ်ထဲက ပြောင်းလဲ မှတ်ချက် ပေးလိုက်မိ၏။

"မင်းက သင်္ချာတော်တယ်လို့ ကြားတယ်"

"သင်္ချာ ? ဘယ်သူ ပြောတာလဲ။"

"ကြားတာပဲ။ မင်းအစ်ကိုရဲ့အတန်းကဟာတွေတောင် ရနေပြီတဲ့။"

"လျှောက်ပြောနေတာပါကွာ ဟားဟား။ ငါ ဟိုနေ့က ကိုမြတ်စာအုပ်နဲ့ ငါ့စာအုပ် မှားပြီး ယူလာမိတာ။ အဲ့ဒါနဲ့ ကိုမြတ်အခန်းဆီ သွားပေးတော့ သူများတွေက တစ်မျိုးထင်သွားတာ နေမှာပေါ့။"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Donde viven las historias. Descúbrelo ahora