"ကဲ ဒီကိုလာစမ်းပါအုံး အဆိုးဆိုသောကိုတော်ချောရေ"
"ဟဲ...ဟဲ..လာပါပြီ မီမီရဲ့...."
မေမေ့ရဲ့ အခေါ်စကားကြီးအနောက်မှာတော့ မိမိကိုယ်တိုင် လင်ပေးစားပြစ်လိုက်သော မလုံးတင်၏ အမေ အဆိုး၏ချစ်လှပါသောကြီးတော်ကြီး အရီးလှနှင့်
ပေါက်ကရအကုန်လုပ် ဒေါ်ရွှေဘုတ်တို့သူငယ်ချင်းတစ်သိုက်က အဆိုးအား ဝါးစားတော့ မတတ် တရှူးရှူးတရှဲရှဲ ကြည့်လို့နေလေသည်။
ရှိသမျှဘုရားဦးထိပ်ထား၍
အရီးလှဆိုသော ထို ကြီးတော်ကြီးလက်မှ အမြန်ဆုံးလွတ်မြောက်အောင် ဆောင်မပေးတော်မူပါဘုရား..
မိမိရှေ့နားဆီ၌ ဒေါ်ဒေါ့်ဆီသို့သွားရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော ထိုကလေးလေးအား တေန်တစ်ေကေ်သနားရမလိုလို ရီရမလိုလိုဖြစ်နေရလေသည်။
"အဟိ...."
လှေကားထိပ်ဆီမှ
ရီသံတစ်ချက်ကြားလိုက်ရသည်မို့
အဆိုးလှည့်ကြည့်လိုက်တော့ အနှီလူသားကြီးက မျက်နှာပြဲကြီးနှင့်
တဟဲဟဲလုပ်လို့နေလေသည်။
"ဘာရီတာလဲ... ဟွန့် လူကိုရီ စရာများအောက် မေ့နေသလား မသိဘူးး
အားရား မုန်းစရာကောင်းလိုက်တာ
ချီးပဲ"
ထိုလူကြီးကို ကြည့်မရတာက တစ်ကြောင်း၊ မိမိရှုပ်ထားသော အရှုပ်တော်ပုံတို့ကို ဖြေရှင်းရမည်က တစ်ကြောင်းဖြစ်နေတာကြောင့် အဆိုးတစ်ယောက်မေမေ့ရှေ့မှောက်သိူ့ အခစားတော်ဝင်ရတော့လေသည်။
"အဟဲ...ကြီးတော်ကြီးတို့ မိဘုတ်တို့တစ်တွေတောင် စုံလို့ပါလား ဘာလဲ အိမ်လာလည်ကြတာလားဟင်"
"ဘာ..."
လိပ်ပြာလေးရေ ကလူကလူ
အတော်ဆိုးတဲ့ ကြီးတော်ကြီး
သူများကို လန့်အောင်အရမ်းလုပ်တာပဲ...ဟွန်း...
"အမလေး..ဖျားဖျား...လန့်တာ ကြီးတော်ကြီးရယ် ဖြေးဖြေးအော်မှပေါ့ တကတည်း မသိရင် လမ်းထိပ်က ဒေါ်စာဥကြီး အရူးဖောက်နေတဲ့အတိုင်းပဲ"
"အမယ်...အမယ် နင်ကများငါ့ကို ပြန်ပြောနေသေးတယ် ဟုတ်လား
မိရာ... ညည်းဒီကိစ္စကို ဘယ်လိုရှင်းပေးမှာလဲ ဘယ်နှယ့်တော် ကို့အမကိုမှ လင်နောက်လိုက် အောင် အော်လိုက်ရတယ် ကြားကြားဖူးပါဘူးတော်.."
YOU ARE READING
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗
part-7
Start from the beginning
