ဖတ်ပေးကြပါ

405 21 12
                                    

အရင်ဆုံးပြောချင်တာကတော့ဝတ္ထုတင်ဖို့ကနဲနဲခက်မယ်ထင်တာပဲ
ပေါက်စစိတ်ဓာတ်တွေအရမ်းကျနေလို့ပါ
တကယ်တော့ပေါက်စကရဲသားသမီးတစ်ယောက်ပါ လိုင်းပေါ်မှာအမျိုးမျိုးထင်ချင်တွေပေးနေတာတွေ့တော့ပေါက်စရင်နာမိတယ် ပေါက်စခဏခဏဒီစာတင်မလို့လုပ်ပေမယ့်ပေါက်စမတင်ခဲ့ဘူး ဒါပေမယ့်ဒီနေ့ပေါက်စကြားလိုက်ရတာတစ်ခုကြောင့်တင်မြှဖစ်မယ် လူတွေလဲဒီအကြောင်းတွေသိမှာဖြစ်မယ်လို့ခံစားမိတယ်
  ရဲတွေCDMမလုပ်လို့လူတွေဝိုင်းပြောကြတယ် ဘာလို့မလုပ်လဲဆိုတာကျနားမလည်ပေးကြဘူး တကယ်လို့သူတို့လုပ်တာနဲ့အရင်ဆုံးထောင်3နှစ်ကျမှာပါ ရဲစည်းကမ်းအရပေါ့ တခြားအစိုးရဝန်ထမ်းတွေကအဲ့လိုဥပဒေမရှိပါဘူး ရဲတွေကတော့ရှိတယ် ထားလိုက်ပါတော့ ထောင်3နှစ်လေးပဲဟာကိုဘာဖြစ်သွားမို့လို့လဲမပြောကြပါနဲ့ အခုချိန်မှာ အာဏာကိုသူတို့ကရထားတာ ထောင်ထဲမှာအမျိုးမျိုးနှိပ်စက်နိုင်ချေများပါတယ် လူတွေကဝိုင်းဝှက်ထားပေးမှာပေါ့ထောက်ပံ့ပေးမှာပေါ့ သူတို့်အချိန်ထိထောက်ပံ့ပေးနိုင်မလဲဝှက်ထားပေးနိုင်မလဲ နောက်တစ်ခုကတော့ ရဲထဲမှာလဲကိုယ့်လူရှိဖို့လိုတယ် ဒါကတော့ပေါက်စထင်မြင်ချက်ပါ တကယ်လို့ဆန္ဒပြတဲ့လူတွေဖမ်းသွားပါပြီရဲ့ ရဲထဲမှာကိုယ့်ဘက်သားရှိနေရင်သူတို့ပြန်ထုတ်ပေးလို့ရတယ်လေ
နောက်ဆုံးကတော့ ရဲဝတ်စုံဝတ်တိုင်းရဲမထင်ပါနဲ့ အခုအာဏာကသူတို့လက်ထဲမှာ ဝတ်စုံဆိုတာသူတို့ကြိုက်သလောက်ထုတ်ပေးလို့ရတယ် ပြီးတော့ကျည်ဆန်ကိုကြည့်ရင်အရမ်းသိသာပါတယ် ရဲသုံးတာသကသက် စစ်သားတွေသုံးတာသက်သက်ပါ
  ပေါက်စအဖေက2019 10လပိုင်းလောက်က accidentတစ်ခုဖြစ်ပြီးသေမလိုဖြစ်ခဲ့တာပါ အဲ့တုန်းကဆိုအကုန်လုံးလက်လျော့ခဲ့တဲ့အထိဖြစ်ခဲ့ရတာ အခုထိခြေထောက်လဲကောင်းကောင်းပြန်မကောင်းသေးဘူး ဒီလိုအခြေအနေကြီးမှာ ပေါက်စ daddy ကိုCDMလုပ်ဖို့မတိုက်တွန်းရက်ဘူး အထဲမှာတစ်ခုခုဖြစ်သွားရင်လဲ ပေါက်စကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မယ်မထင်ဘူး အခုလိုတင်တာပေါက်စမျက်ရည်ချူတာလဲမဟုတ်ဘူးအသနားခံတာလဲမဟုတ်ဘူး ပေါက်စကစာဖတ်တဲ့မမတွေကို ရင်းနှီးခင်မင်စွာနဲ့ရင်ဖွင့်လိုက်ရုံပါပဲ တကယ်လို့အသေးစိတ်ကျကျသိချင်တယ်ဆို ပေါက်စထပ်တင်ပေးပါမယ် ပေါက်စကိုရဲသားသမီးမို့SPလုပ်မယ်ဆိုရင်လဲရပါတယ် ပေါက်စမှာမိဘရွေးချယ်ခွင့်မရှိပေမယ့် ပေါက်စတို့တစ်မိသားစုလုံး မိဘတွေကလွဲရင် ပေါက်စတို့ညီအစ်မတို့သုံးယောက်စလုံး တတ်နိုင်သမျှ ကြိုးစားနေတယ်ဆိုတာ ပေါက်စအာမခံရဲပါတယ် ရန်ကုန်ကပေါက်စအစ်မ2‌ယောက်ဆို ဆန္ဒပြရင်း ရဲတွေနဲ့တိုးလို့ပြေးခဲ့ရဖူးတယ် ပေါက်စဆိုpostတင်လို့ fb acc 2ခါbanခံရဖူးတယ် ပေါက်စကနေပြည်တော်မှာပါ နေပြည်တော်ကအစိုးရမိသားစုအခြေအနေကိုပြောပြရမယ်ဆိုရင်တော့စောင့်ကြည့်ခံနေရသလိုပဲ အကျယ်ချုပ်ချခံနေရသလိုပဲ မနက် ည ကင်းလှည့်တြွေဖတ်သွား သံပုန်းတီးခွင့်မရှိ အထက်လူကြီးတွေလာပြော ဈေးရှေ့မှာရဲကားသုံးစီးအပြည့်နဲ့ တစ်ခုခုဆို သူ့ဘက်သားတွေကလဲအများသားနဲ့ ဘာမှ လုပ်မရဖြစ်နေတာ အခုတော့ဒါပဲပြောထားချင်မိတာ တကယ်လို့ထပ်သိချင်ရင်လဲ ပေါက်စထပ်တင်ပေးပါ့မယ်

You've reached the end of published parts.

⏰ Last updated: Mar 05, 2021 ⏰

Add this story to your Library to get notified about new parts!

steal the heart of final boss(oc)Where stories live. Discover now