3

2.1K 227 6
                                    

"အာ.....အကိုဘာစားမလဲ"

Yoongiလည်းသူ့ကိုမေးနေတဲ့Jkကြောင့်ခေါင်းလေးငြိမ့်ကာMenuစာရွက်ကိုလှန်လှောနေသည်။

"အာ.....ဘာမှမစားတော့ဘူး....လိမ္မော်ရည်ပဲပေးပါ"

Yoongiလည်းပြောပြီးတာနဲ့ငြိမ်နေလိုက်သည်။Jkကလည်းသူ့အတိုင်းပင်လိမ္မော်ရည်မှာလိုက်သည်။

"မင်းခုနဗိုက်ဆာတယ်ဆို....ဒါပဲသောက်လို့အဆင်ပြေပါ့မလား"

Jkကတစ်ချက်ရယ်ကာ....

"ခုနကHyungဘာစားရမှန်းမသိတာမလား"

"အင်း"

"အဲ့တော့လိမ္မော်ရည်မှာလိုက်တယ်။တကယ်လို့ကျနော်ကစားစရာတွေမှာရင်....Hyungအဲ့ကျရင်ဗိုက်ဆာလာလိမ့်မယ်။အဲ့တော့ကျနော့်ကိုအားနာလို့ထပ်မမှာတော့ဘူး....အဲ့တာဆိုဗိုက်ဆာနေလိုက်မယ်....ကျနော်ကအဆင်ပြေပါတယ်....နောက်ကျစားလို့ရတယ်"

Jkစကားကြောင့်Yoongiလည်းခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ကာပြုံးမိသည်။Jkကသူထင်တာထက်အလိုက်သိတယ်။ဒါမျိုးကသူ့ကိုပျော်ရွှင်စေတယ်။

"ဒါနဲ့Hyungမှာရည်းစားရှိလား"

Jkအအေးသောက်ရင်းမေးလာသည်။Yoongiလည်းထိုအမေးကြောင်းခေါင်းခါကာ...

"မရှိတော့ပါဘူး"

"ဟမ်...သေသွားတာလား"

"အာမဟုတ်ပါဘူးမင်းကလည်း.....ပြတ်သွားတာ....3လေးလလောက်ရှိပြီ"

Jkလည်းပြုံးကာ....

"အဲ့တာဆိုအခုမရှိဘူးပေါ့"

"အင်း...အဲ့လိုပဲပေါ့"

Yoongiပြောရင်းသူ့ကိုမကြည့်တော့ပဲခေါင်းငုံ့ကာပိုက်နဲ့အအေးခွက်ကိုမွှေနေမိသည်။Jkကချက်ချင်းသတိထားမိလိုက်သည်။

"သူ့ကိုမမေ့နိုင်သေးတာလား"

Yoongiလည်းအကဲခတ်တော်လွန်းတဲ့Jkကိုကြည့်ကာပြုံးရင်း

"အင်း....မင်းကထင်တာထက်တော်တာပဲ"

"သူ့ကိုမေ့ချင်လား"

Jkကူညီပေးဖို့လမ်းဖွင့်ပေးမိသည်။ဒါဟာYoongiလိုချင်နေတဲ့ကိစ္စပဲလေ...သူမောင့်ကိုမေ့ချင်တယ်။

မောင်တို့ယောက်ကျားတွေ.....ခပ်ဆိုးဆိုး(complete)Opowieści tętniące życiem. Odkryj je teraz