1

2.9K 247 3
                                    

မိုးရေတွေမြေပြင်ပေါ်တစ်ဖြောက်ဖြောက်ကျနေတယ်။ကျဆင်းလိုက်တိုင်းတီးလုံးပမာ....လမ်းမကြီးမှာ....ကောင်လေးနှစ်ယောက်ကတော့ရပ်နေသည်။ကျဆင်းနေဆဲမိုးရေတွေကကောင်လေးနှစ်ယောက်ပေါ်စိုရွှဲသည်ထိကျဆင်းနေသည်။

"မောင်......ယုံကြည်ထားခဲ့တာတွေကအလကားပဲ....."

Yoongiခပ်တိုးတိုးပြောရင်းမောင့်ကိုမဲ့ပြုံးလေးပြုံးပြမိသည်။

"Yoongi....မောင်ကYoongiကိုပဲချစ်တာပါ....သူ့ကိုကအပျော်ပဲချစ်တာပါကွာ"

Jiminကလည်းသူ့ကိုကြည့်ကာလေသံအေးအေးပြောသည်။

"မောင်ကအံ့သြစရာပဲနော်...မောင်ကအပျော်တွေ....အတည်တွေရှိသေးတာလား....Yoongiကတောမောင့်ကိုပဲချစ်ခဲ့တာ....မောင့်ကိုပဲယုံခဲ့တာ.....မောင်လိုလည်းနောက်တစ်ယောက်ဆိုတာမရှိခဲ့ဘူး....."

Yoongiဒေါဥံလေးပါလာသည်။မောင့်ရင်ဘက်ကိုလက်နဲ့ရိုက်မိသည်။မောက်ကသူ့လက်ကိုတင်းတင်းညစ်ကာ

"မောင်ပြောတာရောနားမလည်လို့လား.....မောင်ကYoongiကိုပဲချစ်တာ...သူ့ကိုမချစ်ဘူး....အချိန်တန်Yoongiကိုပဲလက်ထပ်မှာကျေနပ်တော့လေ"

စိတ်ဆိုးတဲ့လေသံဖြစ်နေတဲ့မောင်ကYoongiကိုချောင်ထိုးချင်နေတာလေ....

"မောင်.....ဘာစကားပြောတာလဲ....မောင့်ကိုစပြီးချစ်ခဲ့တည်းက....မောင့်ရင်ခွင်ထဲYoongiတစ်ယောက်တည်းရှိချင်လို့လေ....မောင်ကဘယ်လိုလုပ်ရပ်တွေလာလုပ်နေတာလဲ"

Yoongiပြောရင်းသူ့လက်ကိုကိုင်ထားတဲ့Jiminလက်ကိုခါထုတ်လိုက်သည်။အသံကျယ်ကျယ်လဲအော်မိလိုက်သည်။မိုးရေတွေမျက်နှာပေါ်စီးဆင်းသွားတာနဲ့မျက်ရည်တွေကပါအလိုတူအလိုပါကျဆင်းလာသည်။မိုးရနဲ့အတူစီးဆင်းသွားတဲ့မျက်ရည်ကိုမောင်မမြင်ဘူး....မောင်မသိဘူး

"Yoongi....မောင်ကိုစိတ်ဆိုးအောင်လုပ်နေတာလား"

Yoongiအံသြလွန်းလို့ခေါင်းကိုခါမိသည်။လှောင်ပြုံးလေးနှင့်ဟက်ခနဲရီမိလိုက်သည်။ဘယ်သူ့အမှားမို့မောင်ကလာဆူနေတာလဲ

"မောင့်ကိုထပ်တွေ့စရာမလိုတော့ဘူး....ပြီးပြီဒီဇာတ်လမ်း"

"Yoongi....မင်းတစ်ယောက်တည်းပြတ်နိုင်တာမဟုတ်ဘူးနော်.....မောင်လဲပြတ်ရဲတယ်။"

မောင်တို့ယောက်ကျားတွေ.....ခပ်ဆိုးဆိုး(complete)Where stories live. Discover now