" ရှိုင်းပေါက်...ဆေးရုံဆင်းလို့ရပြီလား..."

" အွန်း...တကယ်ဆို ငါကဘာမှမဖြစ်ဘူး
ကိုကိုကဆေးရုံမှာဆက်နေသင့်တာ...ဒါပေ
မယ့် ဆေးရုံမှာကရောဂါပိုများတယ်တဲ့...ငါ
တစ်ခုခုဖြစ်မှာစိုးလို့ ဆေးရုံဆင်းတော့မလို့
တဲ့လေ "

" ကိုယ်ကဒီ Bunny လေးကိုလေစိမ်းတိုက်
မှာတောင်စိုးရိမ်တာ....."

ရောက်လာတဲ့ဧည့်သည်ကိုသောက်ဂရု
မစိုက်ဘဲပွေ့လိုက် ဖက်လိုက်လုပ်နေတဲ့
ကဲကဲသဲသဲအတွဲကိုမျက်စောင်းပိတ်ထိုး
ရင်းနှာခေါင်းပါရှုံ့ပြလိုက်သည် ။

" ဟွန်း...ငါက သူပျင်းနေမှာစိုးလို့လာတာ
ကိုမင်းကသာယာနေတာဟုတ်လား...ေတာ်
ပြီ ငါပြန်တော့မယ် "

ဆောင့်အောင့်ပြီး ဘောက်ဆတ်ဘောက်
ဆတ်နဲ့ထွက်သွားတဲ့ ပိုးလေး ကိုကြည့်ပြီး
ရှိုင်းစေ စိတ်မကောင်းဖြစ်သွားရသည် ။
ပိုးလေး ကတစ်ခါတစ်ခါ နားလည်ရသိပ်
ခက်တဲ့ကောင်လေး ။ သူနဲ့နေရတာ ရှိုင်း
စေ အတွက်ခံစားချက်အမျိုးမျိုးကိုခံစား
ရစေသည် ။

ပိုးလေး ကတစ်ခါတစ်လေအတွေးထဲ
နှစ်နေတဲ့အခါမျိုးဆို ရှိုင်းစေ ကိုစိမ်းစိမ်း
ကားကားစိုက်ကြည့်နေတတ်ပြီး မကြာခင်
မှာဘဲပျော်ရွှင်တက်ကြွနေတဲ့ပုံစံလေးနဲ့ သူ့
အနားမှာတီတီတာတာနဲ့ တွတ်ထိုးနေတတ်ပြန်သည် ။ အခုလဲသူ့ကိုမဖော်မလုပ်ပေးလို့
ရှိုင်းစေ ကိုစိတ်ကောက်သွားပြီနေမှာ....။

" baby... ဘာငေးနေတာလဲ..အကုန်ပြီးပြီ
အိမ်ပြန်ရအောင်...အိမ်မှာ Baby အတွက်
လက်ဆောင်ရှိတယ် "

" လက်ဆောင်လား.....Baby ရချင်တယ် "

" အကုန်လုံး Baby အတွက်ဘဲ..... "

ကျားသွားလေးတွေပေါ်လာတဲ့ထိရယ်ပြ
နေသည့် Baby ကိုမင်းသမီးလေးလိုပွေ့
ချီလိုက်တော့ မျက်လုံးဝိုင်းလေးတွေက
ပြူးကျယ်သွားလိုက်တာများ....။

" Baby လမ်းလျှောက်လို့ရပါတယ်..."

" မလျှောက်ရပါဘူး...Baby ခြေထောက်နုနု
လေးကို ကြမ်းပြင်ပေါ်ကပိုးမွှားတွေကပ်လာ
မှာပေါ့....ကိုယ့် ပေါ်မှာဘဲနေ "

အခုရက်တွေမှာ ကိုကို ကအရမ်းကိုအထိ
မခံတဲ့အခြေအနေဖြစ်နေတာမို့ ရှိုင်းစေ
ရှက်ရှက်နဲ့ဘဲ ကိုကို့ ရင်ခွင်ထဲဝင်ပုန်းနေ
လိုက်တော့သည် ။ ကိုကို နဲ့အပြိုင်ပြန်ငြင်း
နေလို့ဘာမှမထူးဘူးလေ အိမ်ပြန်ရောက်
ရင်တော့ ကိုကို စိတ်ချလောက်ပါပြီ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now