"ဒီကမ္ဘာမှာ ဆက်ပြီးနေနိုင်ဖို့ဆို
ဒီခြံရှေ့မှာထပ်ပြီး ရပ်နေဖို့လိုတယ်
တယ်တယ် "

"ကုန်းမြေမှာဆက်နေနိုင်ဖို့ အပူခံရမယ်
ကုန်းမြေက ရေအောက်လိုမအေးချမ်းဘူး
မင်းသားလေးရဲ့ နှုတ်ထွက်စကားတွေကို ​တယ်တယ် မှတ်သားထားလိုက်​ပါပြီ
ရေအောက်ပြန်ရောက်မှ
ကုန်းမြေအကြောင်း သိကောင်းစရာ ကျမ်းထဲမှာ ထည့်သွင်းလိုက်ပါ့မယ်"

ကိုယ်က အသံလေးတည်ရုံရှိသေးတယ်လေ
တယ်တယ်က စွရမ်းတေလေးနက်ပစ်ပြီလား
ကိုယ်က အလုပ်ရဖို့ Gumကို ဆက်စောင့်ရမယ်ဆိုတဲ့ အကြောင်း ရည်ရွယ်ပြီးပြောတာကို ကျမ်းထဲထည့်ဖို့အထိလိုလို့လား
ဟုတ်မှာပါလေ ကိုယ်ကပညာရှင်အဆင့်မို့ စကားတိုင်းက မှတ်သားချင်စရာကောင်းနေတာနေမယ်

"ဒီတစ်ခါ တော်သွားပြီ တယ်တယ် "

"ဟုတ်"(အလွန်တရာပျော်ရွှင်နေသောအသံဖြင့် )

Xiao Paingက လည်း ဒီနှစ်ယောက်ကိုလွှတ်ထား​ပါတယ် သူလည်းမနိုင်တော့လို့
တစ်ယောက်က လည်း ပြောချင်ရာပြောတယ် တစ်ယောက်ကလည်း မှတ်ချင်ရာမှတ်တယ်
အတိုင်အဖောက်တွေညီနေရောပဲ
ဒါကြောင့် Xiao Paing hostလေးကို ခနလွှတ်ထားပြီး အနားယူလိုက်အုံးမယ်

.......

10: 30လောက်မှ အိမ်ထဲက ထွက်လာတဲ့ Gum အလုပ်အတော်လေးနောက်ကျနေပြီမို့
ကား​နဲ့ ​အမြန်သွားဖို့လောနေ​ပေမယ့်
ခြံရှေ့က အရိပ်လေးကို လှမ်းမြင်လိုက်ပြီး
ကားပေါ်အရင်မတက်နိုင်ဘဲ ခြံရှေ့ကိုသာ ထွက်လာခဲ့တယ်

"ကိစ္စရှိလို့လား ရှန့် ဘာလို့နေပူကြီး ရပ်နေရတာလဲ "ဆိုကာ လက်ကို အတင်းဆွဲပြီး
​ခြံထဲခေါ်သွားတဲ့ Gum
နောက်က တယ်တယ်ကတော့ရဲ့ သူ့ရဲ့ ခြေလက်ပုစိလေးတွေသုံးပြီး
လိပ်တို့ရဲ့ ဂုဏ်ပုဒ်အတိုင်း မလျော့သော ဇွဲနဲ့ တရွေ့ရွေ့လိုက်သွားရတယ်

"အကူအညီတောင်းစရာလေးရှိလို့ပါ Gum "

"ဒါဆိုလည်း ခြံထဲဝင်ခဲ့တာမဟုတ်ဘူး
အပြင်မှာရပ်နေရလား
ပြော ဘာအကူအညီမို့လို့လဲ "

"ဟိုလေ.... ဟို...... "

ရှောင်းကျန့်သူ့အိမ်မှကတည်းက စကားပြောဖို့စီထားသမျှဟာ Gumရဲ့ ဆူပူမှုကြောင့် တစ်လုံးမှ ထွက်မလာတော့
ဘယ်ကနေ ဘယ်လို စပြောရမယ်မှန်းလည်း တကယ်ကို စဥ်းစားလို့ မရတော့တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now