Park Jihoon တစ်ယောက် အပေါ်ထပ်ရဲ့ အခန်းတစ်ခန်းအရှေ့မှာ ခြေပေါက်မတတ် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်
အချိန်တွေကလည်းအခုမှ စိန်စီထားသလိုကြာနေသည်ကိုလည်း
စိတ်ထဲကနေအပစ်တင်နေမိသည်
အချိန်တစ်ခုအကြာတွင် လီဆွန်း၏အခန်းတံခါးလေးပွင့်လာသည်
Jihoon ကတော့ ပွင့်လာတဲ့တံခါးနားကိုအမြန်ကြည့်လိုက်မိသည်
ဖုန်းကိုနားနားကပ်ကာ သာမန်ထက်ပိုဝေဆာနေသော အပြုံးများဖြင့်
အခန်းပြင်ကိုထွက်လာသော HyunSuk ကလက်ထဲမှာလည်း စာအုပ်ဖိုင်တစ်ခုကိုကိုင်ထားသေးသည်
ထို့ကွောငျ့စာသငျခြိနျပွိီးပွီ ဆိုတာသိရသည်
သို့ပေမဲ့ နားနားကဖုန်းကိုကပ်ကာ
"ခနနော်.. " တစ်ဘက်လူကိုခနပြောပြီး Jihoonဘက်လှည့်လာသည်
Jihoon စိတ်ထဲကတွေးမိသည်
*ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်လှည့်ဖို့ သတိရသေးလို့ကျေးဇူးတင်ပါတယ် Hyung ရယ် *
"ကျွန်တော် အရေးကြီးကိစ္စလေးပေါ်လာလို့ ဒီနေ့တော့ အချိန်မပေးနိုင်တော့လို့ မီးယားနဲ "
မျက်နှာလေးကပြုံးနေပေမယ့် မီးယားနဲဆိုတာကို Jihoon ကိုမော့ကြည့်ရင်း မျက်နှာလေးရှုံ့ကာပြောလာတာကြောင့်
JiHoon တို့ အရည်ပျော်နေရပြန်သည်
"အာ..ရပါတယ် ကျွန်တော်နဲ့ကနောက်လည်းတွေ့လို့ရသေးတာပဲ အရေးကြီးတာကိုအရင်လုပ်လိုက်ပါ "
"ဂိုမားဝေါ်... "
ပြုံးပြပြီးနှုတ်ဆက်ကာ ထွက်သွားသော HyungSuk Hyung ကခုနကဖုန်းကိုနားနားပြန်ကပ်သွားသေးသည်
Jihoon သိချင်လွန်းလှပါသည်
ဒါပေမယ့် သူနဲ့မဆိုင်သည့််အရာ မဟုတ်လား
*ဟူးးး......* Jihoon စိတ်ထဲကနေသာ သက်ပြင်းချလိုက်သည်
Flash back ................
HyungSuk လီဆွန်းလေးကိုစာသင်ပြီးနောက် အိမ်စာလုပ်ရမည့်ပုံကိုရှင်းပြနေသည်
ရုတ်တရက်ဝင်လာသောဖုန်းကြောင့် contact ကိုငုံကြည့်မိလိုက်ရာ
JaeHyuk ဆိုတဲ့ စာတန်းလေးနဲ့ဖုန်းဝင်လာတာကြောင့်
လီဆွန်းရဲ့အိမ်စာရှင်းပြခြင်းကိုအဆုံးသတ်လိုက်သည်
"လီဆွန်း....Hyung ဖုန်းဖြေလိုက်အုံးမယ်နော် "
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ Hyung ဖြေလိုက်ပါ "
YOU ARE READING
I Think You Should {Completed}💙
Fanfictionဖြစ်ခဲ့တဲ့အရာအားလုံးအတွက် မင်းရှေ့မှာဒူးထောက်ပါရစေ.... Haruto ကျွန်တော့်ခံစားချက်ကိုနားမလည်နိုင်တော့ဘူး Hyung,...... JeongWoo
