"ရှန့် လို့ ခေါ်လို့ရပါတယ် အကို့ကိုရော ဘယ်လိုပြန်ခေါ်ရမလဲ "

အမှန်ဆို ရှောင်းကျန့်ဆိုတဲ့ နာမည်အရင်းသုံးလို့ရတဲ့ အခြေအနေဆိုပေမယ့် ဒီကမ္ဘာက မူလဇာတ်ကောင်ကို အလေးထားတာကြောင်​့ ရှန့်ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်ပေးရခြင်း

"ကိုယ့်ကို Gum လို့ခေါ်
အကိုဆိုတာကြီးက ရိုသေလွန်းရာကျတယ် ရွယ်တူလောက်ပဲဆိုတော့  "

"ဒါဆို Gum က ဒီကမ္ဘာမှာ ကျနော့်ရဲ့ ပထမဦးဆုံး ​မိတ်ဆွေဖြစ်သွားပြီ "

"ပထမဦးဆုံး မိတ်ဆွေ ဟုတ်လား ရှန့် "

Gum ထမင်းစားနေရင်းမှ မယုံနိုင်စွာ ကြည့်ပြီး ပြန်အမေး
ရှောင်းကျန့် စကားမှားသွားမှန်း သတိထားမိပြီး

"ဒီခြံကို ပြောင်းလာပြီးနောက် ပထမဆုံး မိတ်ဆွေလို့ ပြောတာ ဟီးးးး "

ယုန်သွားတွေ ထုတ်ပြီး အတင်းပြုံးပြနေပြန်တဲ့ ရှန့်
Gum ​ကတော့ ခေါင်းလေးခါရင်း ရှန့်
ချက်ကျွေးတဲ့ ဟင်းတွေက မြိန်ယှက်စွာ စားသောက်နေတယ်
ရှန့်ဆိုတဲ့ ကောင်​လေးက တကယ့် လူထူးဆန်းလေးပါဆို

ရှန့်နဲ့ မိတ်ဆွေဖွဲ့ပြီးတဲ့ နောက် Gum
လည်း ကိုယ့်အိမ်ကိုယ်ပဲ ပြန်လာခဲ့တော့တယ်
ရင်းနှီးတာ မကြာသေးတဲ့အပြင်
စကားနည်းတဲ့ သူ့အတွက် ရှန့်အိမ်မှာ
ကြာကြာနေဖို့က ခက်ခဲ လွန်းတယ်

Gum သူ့ခြံထဲ ပြန်ဝင်လာချိန် ကားနောက်တစ်စီး တွေ့တာမို့ စိတ်ရှုပ်သလို ကျစ်ခနဲ စုပ်သတ်လိုက်မိတယ်
ပါးစပ်ကလည်း

"ရောက်လာပြန်ပြီ ဘာလာ နှောက်ယှက်ပြန်တာလဲမသိဘူး "  ဆိုပြီး ငြီးတွားနေပြန်တယ်

"ကားလည်းမယူသွားဘူး
ခြံတံခါးလည်း သေချာမပိတ်ခဲ့ဘဲ
ဘယ်တုန်းက စည်းမဲ့ကမ်းမဲ့ လျှောက်သွားတတ်သွားတာလည်း ကိုကို "

အိမ်ထဲဝင်ဝင်ချင်း အလိုမကျတဲ့ အသံနဲ့ စီးမေးတဲ့ သူ့ရဲ့ တစ်ဦးတည်းသောညီ
ဘာသွေးမှ မတော်တဲ့ ညီက
သူ့အကို အပေါ် ဆိုးချင်တာကို လက်ခံနိုင်ပေမယ့် ​ချစ်သူတစ်ယောက်လို သဘောထားချင်နေတာကို တော့ လက်ခံပေးလို့ မရဘူး
ဒါကြောင့်လည်း မွေးစားပြီး စောင့်ရှောက်ပေးတဲ့ ပါးပါးကို ထားခဲ့ပြီး
အိမ်တစ်လုံးဝယ်ကာ တစ်ယောက်တည်း လာနေနေရတာ
ကိုယ့်ညီငယ်ကို ကြောက်လို့

ဆန်းဆန်းကြီး systemWhere stories live. Discover now