•3•

536 89 17
                                    



"ဒုက္ခပဲ စိတ်လှုပ်ရှားလိုက်တာ"

Taeraeက Ricky တို့အိမ်ရှေ့မှာ ခုန်ဆွခုန်ဆွလုပ်နေတယ်။
ဒါက သူစိတ်လှုပ်ရှားနေပြီဆိုရင်ဖော်ပြတတ်တဲ့ အမူအရာ တစ်ခု။

Taeraeလက်ထဲက မနေ့က ဝယ်လာတဲ့ လူကြီးတွေအတွက် လက်ဆောင်ပစ္စည်းကို Rickyက လက်လွဲယူလိုက်တော့ Taeraeကပြန်လုတယ်။

"ငါသယ်မှ ကြည့်ကောင်းမှာပေါ့ဟ"

"အွန်း..."

"ဒါနဲ့လေ ရုပ်ရှင်ထဲကလို ငါ့သားကို မင်းနဲ့သဘောမတူဘူး ရေနဲ့ပက်တာတို့ ဘဏ်ကဒ်ထုတ်ပေးတယ်ဆိုရင် ငါဘာဆက်ပြောရမှာလဲ"

"ဟင်..."

Taeraeမေးလိုက်တဲ့ အမေးစကားကြောင့်Rickyပင်ကြောင်အမ်းအမ်းဖြစ်သွားရ၏။

"မားမားတို့က အဲ့လို မလုပ်တော့မလုပ်တတ်ဘူးရော်"

"မလုပ်တတ်လဲ အခုလုပ်ရင် ဘယ်လိုလုပ်မလဲ..လေယာဉ်လက်မှတ်ပေးပြီး ဒီနိုင်ငံကထွက်သွားတို့ ဘာတို့လုပ်...."

Ricky က လှိုက်လှိုက်သဲသဲအော်ရယ်တော့၏။

"အမယ်လေး ကိုကိုရယ်...ဘဏ်ကဒ်ပေးရအောင်လဲ မားမားတို့က အခုမွဲနေတာပါနော်"

"အရူးကောင် ရယ်နေနိုင်သေးတယ်"

Taeraeက Rickyရဲ့လက်မောင်းကိုဖြတ်ရိုက်ချင်သော်လဲ လက်က အထုတ်တွေနဲ့မအား။ အဲ့တော့ အားနေတဲ့ ခြေထောက်ကို ဖိနပ်နဲ့ အသာ မနာအောင် တက်နင်းလိုက်၏။

"အသင့်ဖြစ်ရင် ဝင်ကြတော့မလား ကိုကို"

"အင်း.."

Taeraeက လေပူတစ်ချက်မှုတ်ထုတ်ပြီး ငါလုပ်နိုင်ပါတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့ မျက်နှာထားဖြစ်သွားသည်။ မသိရင် စစ်တိုက်ထွက်မယ့် စစ်သားတစ်ယောက်လိုပါပဲ။

Rickyတို့အိမ်ရဲ့ ဘဲလ်က Taeraeရပ်နေတဲ့ ဘက်မှာရှိနေ၏။

ဘဲလ်လှမ်းတီးတော့မယ့် Taeraeရဲ့လက်ကို Rickyကလှမ်းဆွဲလိုက်ကာ

"မေ့တော့မလို့...မားမားက မရဘူး ..မင်းနဲ့ ငါ့သား ကို သဘောမတူဘူးပြောလာခဲ့ရင်...နောက်ဆုံးလက်နက် အနေနဲ့ ကျွန်တော်နဲ့ အတူတူအိပ်ပြီးပြီလိုပြောလိုက်"

𝗛𝗲𝗮𝗱 𝗢𝘃𝗲𝗿 𝗛𝗲𝗲𝗹𝘀 Where stories live. Discover now