Baby ကိုလိုက်မပို့ချင်တာမဟုတ်ပေမယ့်
အဖျားဝင်ချင်သလိုဖြစ်နေတဲ့ခန္ဓာကိုယ်
လေးကနေပူထဲမှာဆော့ကစားလိုက်တဲ့အ
ခါပိုဆိုးလာမှာကို မာန် စိုးရိမ်နေတာပင် ။
Baby ကိုထပ်ဖြောင့်ဖျဖို့စဥ်းစားကြည့်ပေ
မယ့်လည်း မာန် ထပ်ဖြောင့်ဖျလို့ရမှာမ
ဟုတ်တော့...။ အခုတောင်မျက်ရည်ကြည်
လေးတွေဝိုင်းပြီး Baby အောက်နှုတ်ခမ်း
လေးကရှေ့ထွက်နေချေပြီ ။

" နေမကောင်းမဖြစ်ရဘူးနော်...ဟိုရောက်
ရင်လည်း ကိုယ့်နားမှာဘဲနေ....ဟုတ်ပြီလား "

" ဟုတ်.....ဟုတ် "

ခေါင်းလေးကိုကြက်ပေါက်လေးဆန်ကောက်
သလိုတငြိမ့်ငြိမ့်လုပ်ပြလာတော့ မာန် ပူပန်
နေတာတွေကိုခဏလျှော့ချထားလိုက်သည် ။
Baby ကအရုပ်တစ်ရုပ်မဟုတ်တာကြောင့်
မာန့် အနေနဲ့ Baby ဆန္ဒကိုလည်းစဥ်းစား
ပေးဖို့လိုသည်လေ ။

" ဒါဆို ကိုယ်ရေချိုးတော့မယ် Baby
ကအောက်ထပ်မှာစောင့်နေနော် "

Baby အခန်းထဲကနေနှစ်ယောက်အတူတူ
ထွက်လာခဲ့ပေမယ့် မာန် ကဒုတိယထပ်က
အနက်ရောင်အခန်းထဲဝင်ကာရေချိုးရင်း
ကျန်နေခဲ့သည် ။ မာန် ရေချိုးပြင်ဆင်ပြီး
အောက်ထပ်ဆင်းလာတော့ Baby နဲ့ ပိုးပြည့်
စုံရဲ့အသံတွေကဆူလို့ညံလို့....။ Baby က
အခုလိုစကားတွေများပြီးဆူညံနေရတာ
လည်းကြိုက်ပုံရသည် ။

ဒါပေမယ့်ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်
နဲ့တခြားလူရဲ့မျက်နှာကြည့်ပြီးနေခဲ့ရတဲ့
ဘဝကဖြတ်သန်းလာရတာမို့ Baby က
တော်တော်လေးသူ့စိတ်သူထိန်းချုပ်ထား
တတ်သည် ။ အခုလိုဆူညံနေတဲ့ပုံလေးက
မာန် ရှေ့မှာဘဲနေခဲ့ဖူးတာပင် ။ အခုတော့
ပိုးပြည့်စုံ ကိုအပြည့်အဝယုံကြည်သွားတာ
ကြောင့်သူ့ပုံစံလေးတွေတဖြည်းဖြည်းထုတ်
ပြလို့နေပြီ ။

" ကိုကို......ပြီးသွားပြီလား.... "

လှေကားကနေဆင်းလာတဲ့ မာန့် ကိုမြင်
လိုက်တာနဲ့ထိုင်နေရာကနေပြေးလာတဲ့
Baby က မာန့် လက်မောင်းတစ်ဖက်ကို
သူ့ကိုယ်လုံးလေးတစ်ခုလုံးနဲ့မှီတွယ်လာ
သည် ။

" အို....အကိုမာန် က ရှိုင်းပေါက် နဲ့ဆင်တူ
ဝတ်ထားတာဘဲ....ဘာလဲ ကျွန်တော့်အစီ
စဥ်နဲ့ Date ကြမလို့လား..မရဘူးနော်...ဒီနေ့အတွက် ရှိုင်းပေါက် ကကျွန်တော့်အပိုင် "

💞 Eternal Love 💞 { Completed }Where stories live. Discover now