သုံးခုထဲကနေ တစ်ခုရေွးလိုက်လို့ကတော့ ငါ့လေးနိဂုံးချုပ်ပြီး ငရဲရောက်သွားလိမ့်မယ်၊

အချိန်ကဒါနဲ့ဘဲ နည်းနည်းလောက်ကြာသွားခဲ့တယ်၊ Derrickရဲ့အကြည့်တေွက ပိုပြီးတော့တောင်​အေးစက်လာခဲ့ပြန်တယ်၊

Derrick :"Ha! ကြည့်ရတာ ငါ့စကားတေွကမင်းအပေါ်မသက်ရောက်တော့ဘူးထင်တယ်၊ "

ဴသူ့ရဲ့အကြည့်တေွက​စူးရှလွန်းနေပြီး အကြည့်နဲ့တင် ငါ့ကိုသတ်တော့မလို​ခံစားနေရတယ်၊

ဘာရေွးချယ်မှုမှမလုပ်ဘဲ ပါးစပ်ကိုဖွင့်လိုက််တယ်၊

Pene:"ပြသနာဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်... "

ငါမမှားခဲ့တဲ့အမှားတေွအတွက် ဘယ်နှကြိမ်လောက်ထိများ ငါတောင်းပန်နေရဦးမှာလဲ?

ငါလည်းလူတစ်ယောက်ဘဲ လူ့ရဲ့တန်ဖိုးဆိုတာမျိုးတော့ ရှိတာပေါ့...ငါ့ရဲ့ခေါင်းကိုဦးညွှတ်ပြီး အစေခံတစ်ယာက်လိုဖြစ်နေရတာမျိုးက​ မကောင်းတဲ့
စက်ဆုတ်ဖွယ်တစ်ခုလို ခံစားနေရတယ်၊

ဘာပဲဖြစ်ဖြစ်​ ငါကအသက်ရှင်ဖို့ရည်ရွယ်ထားတာမလို့ ဒါကဘာမှတော့မဟုတ်ပါဘူး...
ပြီးတော့ဒီလူတေွက Gameထဲက အတုယောင်ဇာတ်ကောင်တေွဘဲလေ.တကယ့်လူအစစ်တေွမှမဟုတ်တာ...

အဲ့ဒီမကောင်းတဲ့ကောင်တေွက ငါ့ကိုခြစ်ကုတ်ခဲ့ပြီး အနာရွတ်​တေွဖြစ်စေခဲ့တယ်၊ အဖေ! အကို!

သေချာတာပေါ့ တစ်ယောက်က​မကောင်းတဲ့ကြွက်တစ်ကောင်လို​ပြုမူပြီး  တစ်ယောက်ကတော့ သူတောင်းစားလိုဘဲ၊

ငါ့ရဲ့တန်ဖိုးရှိလှတဲ့ကိုယ်ပိုင်ဘဝလေးကို တစ်ယောက်တည်းမဖြတ်သန်းရခင်တုန်းက​၊ ခွင့်လွှတ်မှုရဖို့အတွက် အကြိမ်မရေတွက်နိုင်အောင် ငါတောင်းပန်ခဲ့တယ်၊
ဒီအချိန်​အဲ့တုန်းက​အတိုင်း ဘဲ၊

ငါ့ရဲ့အရင်ဘဝ(gameထဲကမဟုတ်တဲ့)​၊ငါသာgameထဲကလိုမျိုး မတောင်းပန်ခဲ့ဘူးဆိုရင်၊ ငါ့ရဲ့​ဘဝက​ဓားသွားပေါ်ကလိုဖြစ်နေလိမ့်မယ်၊

သို့ပေမဲ့ အဲ့အချိန်တုန်းက ငါဟာအတော်ကိုငယ်သေးပြီးတော့ gameထဲကအခြေနေတေွကတော့ သေနိုင်လောက်တာတေွချည်းဘဲ၊

DITOEFVWhere stories live. Discover now