Derrick :"ငါတို့ဘက်က​ အပိုကြေးပေးပါ့မယ်ဆိုတာေတာင်မှ ဘယ်သူကမှမင်းရဲ့ ကိုယ်ရေးအစေခံမလုပ်ချင်ကြဘူး၊အကုန်လုံးထွက်ကုန်ကြပြီ၊ မင်းကိုခစားဖို့ဘယ်သူကမှစေတနာ့ဝန်ထမ်းမလုပ်ချင်ကြဘူး၊ "​

Pene:"......... "

Derrick :"ပြီးတော့ငါထင်တယ်... ဒီနေ့ကအားလုံးရဲ့အဆုံးသတ်ပဲ၊ မင်းကကိုယ့်နေရာကိုယ်မသိဘဲ    မင်းရဲ့ တစ်ယောက်တည်းသော ကိုယ်ရေးအစေခံကို​ ရူးကြောင်ကြောင်နဲ့ မောင်းထုတ်လိုက်ကတည်းကလေ... "

Derrick ရဲ့စကားတေွကြောင့် ငါ့အတွက်မတရားဘူးလို့ခံစားရတာက ပိုပိုဆိုးလာခဲ့တယ်...

ငါဘယ်တုန်းကရူးပြီး မောင်းထုတ်လိုက်တာလဲ???
ငါ့လုပ်ရပ်တေွထက် ပုိပြီးရူးတာကအဲ့ဒီ့ ပန်းရောင်ခေါင်းဘဲ...

*တစ်ဘဝလုံးအကျင့်ယုတ်ခံရပြီး မကောင်းတဲ့အစာတေွကိုစားလိုက်ရတာ​ငါပါဟ*

ဒီ​အချိန်မှာ​ငါစိတ်တိုလွန်းလို့​အော်ဟစ်ပလိုက်ချင်တယ်... ဒါပေမဲ့...
Derrick ရဲ့ခေါင်းပါ်က[interest0%]​ ဆိုတာကြီးက ငါ့ကိုရပ်တန့်သွားစေခဲ့တာဘဲ...

နေပါဦး... အာ့က(interest )​တဖြည်းဖြည်းကျသွားတာနဲ့​ငါသေပြီဘဲ...

ငါအချိန်တစ်ခုလောက်ထိ​အသက်ကိုရှုသွင်းလိုက် ရှုထုတ်လိုက်လုပ်ရင်းနဲ့ စိတ်ငြိမ်အောင်ကြိုးစားလိုက်တယ်၊

*interest 0%....0%...*

ငါDukeနဲ့ စကားပြောပြီးတဲ့နောက်မှာ အရမ်းကိုပင်ပန်းနေခဲ့တယ်၊
ငါရေွးချယ်မှုကိုOffလုပ်ထားပြီး အားရုံစိုက်မယ်ဆိုရင်တောင် Gameထဲကဒီအခန်းမှာ ဘာဖြစ်ခဲ့လဲဆိုတာငါမမှတ်မိတော့ဘူး၊

ဒါကြောင့်systemဆီကနေအကူညီနည်းနည်းယူဖို့ဆံုးဖြတ်လိုက်တယ်...

'Choice​ ON...'

(စကားမပြောဘဲစိုက်ကြည့်)

ရေွးချယ်စရာတေွအကုန်ဖတ်ပြီးတဲ့နောက်မှာ​ စိတ်ထဲကနေမြန်မြန်အော်ဟစ် လိုက်တယ်၊

*CHOICE​ ​OFF! OFF!

<SYSTEM>{ရေွးချယ်မှုကိုပိတ်လိုပါသလား??? }

{YES\NO}

ငါမြန်မြန်ဘဲYESကိုနှိပ်လိုက်ရတယ်၊

DITOEFVWhere stories live. Discover now